• ပေးဂိုးမရှိစံချိန်နဲ့ နိုင်ပွဲဆက်နေဆဲ လီဗာပူးလ်

နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီနေ့ မနက်ပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂) လက်ကျန်ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းဟာ အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို (၂-ဝ) နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ အဝေးကွင်းပွဲစဉ်မှာ ပေးဂိုးမရှိအောင် ဆက်လက်ကစားနိုင်ခဲ့ပြီး သူတို့ရဲ့ ပေးဂိုးမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

image

Photo : Mirror

 

နှစ်သင်းစလုံးမှာ လူစုံပါဝင်ခဲ့ပြီး ဧည့်သည် လီဗာပူးလ်အသင်းက အိမ်ရှင်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ ပဲလေ့စ်အနေနဲ့ သူတို့ရဲ့ ပုံစံကောင်းကို ပြသနိုင်ခဲ့ပေမယ့်လည်း လီဗာပူးလ်ကို အနိုင်ယူဖို့အထိ မစွမ်းဆောင်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပဲလေ့စ်ရဲ့ ခြေစွမ်းကတော့ အလယ်အလတ်အသင်းတွေထဲမှာ ကျေနပ်စရာ အနေအထားတစ်ခုကို ပြသနိုင်ခဲ့ပါတယ်။

Photo : Mirror

 

လီဗာပူးလ်အတွက် ဗွေဆော်ဦးဂိုးကိုတော့ ပွဲချိန် (၄၅)မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကတဆင့် ဂျိမ်းစ်မီလ်နာက သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံး အခွင့်အရေးတွေ ကိုယ်စီရရှိခဲ့ပေမယ့် လွဲချော်နေခဲ့ကြလို့ သွင်းဂိုးတစ်ဂိုးတည်းကိုသာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ပဲလေ့စ်ကို ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။

Photo : Mirror

 

ဒုတိယပိုင်း ပွဲချိန် (၇၅) မိနစ်မှာ ပဲလေ့စ်အသင်းဘက်က ဘီဆာကာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ ချေပဂိုး ရရှိဖို့ အားထုတ်နေတဲ့ ပဲလေ့စ်တို့ အထိနာခဲ့ရပြီး ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် မိနစ် (၉၀)မှာတော့ ဆာဒီယိုမာနေးက လီဗာပူးလ်အတွက် ဒုတိယမြောက် အနိုင်ဂိုးကို ပါးပါးနပ်နပ် သွင်းယူပေးခဲ့ပါတယ်။

Photo : Mirror

 

လီဗာပူးလ် ရရှိခဲ့တဲ့ သွင်းဂိုးတွေဟာ ပထမပိုင်းပြီးဆုံးခါနီး နဲ့ ဒုတိယပိုင်း ပြီးဆုံးခါနီးတို့မှာ ရရှိခဲ့တာကြောင့် ထူးခြားတဲ့ တိုက်ဆိုင်မှုအဖြစ် ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ခံစစ်ပိုင်းအားနည်းလို့ ထင်သလောက် ခရီးမပေါက်ခဲ့တဲ့ လီဗာပူးလ်အတွက်တော့ ဒီနှစ် ဘောလုံးရာသီမှာ (၂)ပွဲကစားပြီးချိန်ထိ ပေးဂိုးမရှိသေးတာက ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က