စိုးရိမ်ပေးကြတဲ့ ပရိသတ်တွေကျေးဇူးပါတဲ့။

အွန်လိုင်းစာမျက်နှာပေါ်မှာ ဒိန်းဒေါင်ဆုံးသွားပြီဆိုတဲ့ သတင်းတွေကြောင့် ပရိသတ်တွေရော၊ မိတ်ဆွေအပေါင်းအသင်းတွေကပါ စိတ်မကောင်းဖြစ်လို့နေကြတာပါ။ အဲဒီသတင်းနဲ့ ပတ်သက်လို့ ဒိန်းဒေါင်ကိုယ်တိုင်က Liveလွှင့်ပြီး ပြန်ဖြေရှင်းခဲ့ရပါသေးတယ်။

Photo : ဒိန်းဒေါင်

ဧပြီ(၇၊၈)ရက်နေ့က လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်ကွယ်လွန် သွားပြီဆိုတဲ့ သတင်းတွေ ပြန့်ခဲ့ပါတယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး ဒိန်းဒေါင်ရဲ့ ပရိသတ်တွေ ၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အနုပညာညီအစ်ကိုမောင်နှမတွေက စိတ်မကောင်းဖြစ်လို့ နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသတင်းက အမှန်မဟုတ်ခဲ့ပါဘူး။ သရုပ်ဆောင် ဒိန်းဒေါင်ကိုယ်တိုင် သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ သူသေဆုံးပြီဆိုတဲ့သတင်းဟာ အမှန်မဟုတ်ကြောင်းကို Live လွှင့်ပြီး ဖြေရှင်းခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

Photo : ဒိန်းဒေါင်

“မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျေးဇူးရှင်ပုဂ္ဂိုလ်များ၊ မိတ်ဆွေအပေါင်းအသင်းတွေအားလုံး ကျွန်တော် ဘာမှမဖြစ်ပါဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်သေပြီဆိုပြီး လိုင်းပေါ်မှာ တင်ထားတာတွေ့လို့။ မသေပါဘူး။ ဘာမှမဖြစ်ပါဘူးလို့။ ကျွန်တော့်အတွက် စိုးရိမ်ပေးကြတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်သေလည်းမသေပါဘူး။ ဘယ်သူက နောက်ပြီးတင်လိုက်လည်း မသိပါဘူး။” ဆိုပြီး ဧပြီ(၉) ရက်နေ့က ဒိန်းဒေါင်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ Live လွှင့်ပြီး ပြောခဲ့ပါတယ်။


Photo : ဒိန်းဒေါင်

ပြီးခဲ့တဲ့ လပိုင်းလောက်က ဆေးရုံတင်ရတဲ့ သတင်းကတော့ အမှန်ဖြစ်ပေမယ့် ဆေးရုံတက်ရတယ်ဆိုတဲ့ သတင်းကြောင့်ပွဲငှားတွေတောင် သိပ်မရှိလို့ ပွဲလည်းသိပ်မရဘူးလို့ ဒိန်းဒေါင်က စရင်းနောက်ရင်းပြောခဲ့ပါသေးတယ်။ သင်္ကြန်အတွင်းလည်း ဘာလုပ်ရမှန်းမသိသေးပါဘူးလို့ သူက ဆက်လက်ပြောပြခဲ့ပါသေးတယ်။

သင်္ကြန်ပြီးသွားရင်လည်း ဘုရားထီးတင်ဖို့လုပ်ငန်းတွေ ရှိသေးတယ်လို့ ဆိုပါတယ်။ ဒိန်းဒေါင်ဟာ ပရိသတ်တွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးတတ်သူ တစ်ဦးဖြစ်သလို ပရဟိတအလုပ်တွေကို တတ်စွမ်းသလောက် လုပ်ကိုင်နေသူတစ်ဦးပါ။ ဘုရားတည်၊ ကျောင်းဆောက်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်သလို အနုပညာလောကသားအချင်းချင်းကိုလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးတတ်သူလည်း ဖြစ်ပါတယ်။

Photo : ဒိန်းဒေါင်

ဘာသာရေးကိုင်းရှိုင်းသလို မိခင်အပေါ်လည်း အရမ်းကို သိတတ်တဲ့ သားလိမ္မာတစ်ယောက်ဖြစ်ပါတယ်။ ဒိန်းဒေါင်(Dain Daung)ဟာ မွေးနေ့ရောက်တိုင်း မိခင်ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို ဖြည့်ဆည်းပေးဖြစ်သူပါ။ ဒိန်းဒေါင်အတွက်က မိခင်ဟာ အသက်ရှိနေတဲ့ ဘုရားတစ်ဆူလိုပါပဲတဲ့။ မိခင်ကို စိတ်ချမ်းသာအောင်ထားချင်တဲ့ ဒိန်းဒေါင်ရဲ့ စိတ်ဓာတ်ကတော့ လေးစားအတုယူဖွယ်ပါပဲ။ 

Share

Loading Next Article...
က္က