ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ခရိုအေးရှားနဲ့ ကစားရမယ့် ခြေစမ်းပွဲ နဲ့ အီတလီအသင်းနဲ့ ကစားရမယ့် Nations League အဖွင့်ပွဲကို ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ကစားသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါဟာ ရော်နယ်ဒိုရဲ့ ကိုယ်တိုင်ဆုံးဖြတ်ချက် ဖြစ်ပြီး နည်းပြဖြစ်သူရဲ့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မပါဘူးလို့ သိရပါတယ်။
Photo : in.reuters.com
အသက် (၃၃)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ရီးရဲလ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာပြီးနောက် စီးရီးအေအဖွင့်ပွဲ (၂)ပွဲလုံးကို ပါဝင်ကစားခဲ့ပြီး ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲပေါင်း (၂၀)မှာ (၈)ပွဲသာ ပါဝင်ကစားပေးခဲ့ပြီး ပြိုင်ပွဲအသစ်တစ်ခုဖြစ်တဲ့ Nations League အဖွင့်ပွဲကိုလည်း ပါဝင်ကစားပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ ယူရိုပါလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ဂရစ်မန်းဇ်ဆွတ်ခူး
ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် (၈၅)ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ရော်နယ်ဒိုဟာ အသင်းအတွက် (၄)ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်၊ ဒါပေမယ့်လည်း ပေါ်တူဂီကတော့ (၁၆)သင်းအဆင့်ကပဲ ထွက်ခွာခဲ့ ရပါတယ်။ ပေါ်တူဂီအသင်းအတွက်တော့ ရော်နယ်ဒိုဟာ စုစုပေါင်း (၁၅၄)ပွဲအထိ ကစားပေးခဲ့ပြီး ဖြစ်ပါတယ်။
Photo : Eurosport
"ကစားသမားနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ပြီးပါပြီ၊ သူ့အတွက် အကောင်းဆုံးဖြစ်နိုင်မယ့်အရာတွေကို ကျွန်တော်တို့ နားလည်ပါတယ်၊ ဒီပွဲတွေကို ပါဝင်မကစားပဲ အနားယူတာက သူ့အတွက် ကောင်းမွန်ပါတယ်" လို့ ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ပြောကြားသွားခဲ့ပါတယ်။ ပေါ်တူဂီအသင်းရဲ့ ကစားသမားစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Photo : Juventus FR
ဂိုး - ဘီတို၊ ရာမို့စ်၊ ပက်ထရီစီယို
နောက် - စီဒရစ်၊ ကန်ဆယ်လို၊ နက်တို၊ မာရီယိုရူ၊ မန်ဒက်စ်၊ ပီပီ၊ ဂွာရာရိုး၊ ရူဘင်ဒီယက်စ်
လယ် - ဖာနန်ဒက်ဇ်၊ ဂျက်ဆန်ဖာနန်ဒက်ဇ်၊ ပီဇီ၊ ရီနာတိုဆန်းချက်ဇ်၊ ရူဘင်နက်ဗက်စ်၊ အိုလီဗီရာယာ၊ ဝီလျံကာဗယ်ဟို
ရှေ့ - အန်ဒရီဆေးဗားလ်၊ ဘာနာဒိုဆေးဗားလ်၊ ဘရူမာ၊ ဂျယ်လ်ဆင်မာတင်၊ ဂီဒက်စ်၊ ရွန်နီလိုပက်စ်