ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ကတော့ သတင်းတစ်ခုမှ မထုတ်ပြန်ပါဘူး။.

တောင်ကြီးမြို့ရဲ့ တောင်ပေါ်တက်လမ်းမှာ သြဂုတ် ၂၀ ရက်နေ့ ညပိုင်းက မိသားစုလေးဦး အသတ်ခံရမှုဖြစ်ပွား ခဲ့တယ်လို့ တောင်ကြီးမြို့ဒေသခံတွေကပြောပါတယ်။

 





သွားဆေးတက္ကသိုလ် အပေါ် တောင်ပေါ်တက်လမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာကလည်း သတင်းထုတ်ပြန်တာမျိုးမရှိသလို မီဒီယာတွေကို အတည်ပြုဖြေကြားခြင်းတော့မရှိဘူးလို့ တောင်ကြီးမြို့ အခြေစိုက် သတင်းထောက် တစ်ယောက်က Duwun ကိုပြောပါတယ်။

အသတ်ခံရပြီး သေဆုံးခဲ့သူများစုစုပေါင်း ၄ ဦး ဖြစ်ပြီး တပ်မတော်သား ၂ ဦးနဲ့ အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်သေဆုံးခဲ့တယ်ဆိုတာကိုပဲ ဒေသခံတွေက သိရှိထားကြပါတယ်။



သေဆုံးသူတွရဲ့ဆွေမျိုးတော်စပ်သူတစ်ဦးက အဲ့ဒီအကြောင်းအရာတွေကို ဖေ့ဘုတ်လူမှုကွန်ရက်မှာ တင်ထားခဲ့တာဖြစ်ပြီး  အပိုင်းပိုင်းဖြတ်ပြီး သတ်ဖြတ်ထားတာဖြစ်တယ်လို့ ပြောထားပါတယ်။



ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Duwun ကနေ ရှမ်းပြည်နယ်ရဲတပ်ဖွ့ဲကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က