တေးရေးဆရာကမ္ဘာ သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေပြီလို့ ထုံးဖိုမြို့မ ရဲစခန်းမှ တာဝန်ရှိသူက Duwun ကို ပြောပါတယ်။
(Photo - ကမ္ဘာ FB)
တေးရေးဆရာကမ္ဘာကို နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်၊ သီရိမဏ္ဍိုင်လမ်းရှိ ဟိုတယ်တစ်ခုရှေ့မှာ ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့နေတာကို ယနေ့ (မတ်လ ၄ ရက်နေ့) တွေ့ခဲ့ရတာပါ။ အဲ့ဒီနောက် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုကြီးကို ပို့ဆောင်ခဲ့ပေမယ့် မနက် ၈ နာရီခန့်မှာ သေဆုံးသွားခဲ့ပါတယ်။
"ဖြစ်စဉ်အသေးစိတ်ကတော့ စစ်ဆေးနေပါတယ်။ တရားခံကို အမြန်ဆုံး ဖမ်းမိဖို့အတွက် စစ်ဆေးနေတယ်။ အနီးအနားမှာ CCTV တွေကို စစ်နေပါတယ်"လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက Duwun ကို ပြောပါတယ်။
(Photo - ကမ္ဘာ FB)
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထုံးဘိုမြို့မရဲစခန်းက (ပ)၂၅/၁၉ ရာဇသတ်ကြီးပုဒ်မ (၃၀၂) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ တေးရေးဆရာကမ္ဘာဟာ အဆိုတော် ဂျီလတ်ရဲ့ ညီဖြစ်ပါတယ်။ သူဟာ ခဏတာ၊ မြို့ပြလမ်းခွဲ၊ အချိန်လွန်ဌက် စတဲ့သီချင်းတွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။