• ရွှေတိဂုံစေတီ တစ်ခုလုံးက ရွှေတွေကို ခွာမှာ မဟုတ်ဘူးလို့ သာသနာရေးဝန်ကြီးဌာနထုတ်ပြန်

ရွှေပြား ၁၀ ချပ်ပဲခွာပြီး စစ်ဆေးသွားမှာပါ။

ရွှေတိဂုံစေတီတော်၏ ရွှေပြားအနည်းငယ်ကိုသာခွာပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေပန်းတိမ် ပညာရှင်များ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ပညာရှင်များဖြင့် စစ်ဆေးမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

 

41699992_2139685432957157_6853282621904912384_n.jpg



ဒါပေမယ့် စေတီတော်ကြီးတစ်ခုလုံးက ရွှေပြားသင်္ကန်းတွေကို ခွာမှာ မဟုတ်ဘဲ၏ ကြာမှောက်၊ ကြာလန် မဲနေသည့်ဧရိယာမှ ရွှေစင်ပြားသင်္ကန်း ၁၀ ချပ် ကိုသာခွာမှာဖြစ်တယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။



ဒါကြောင့် လူမှုကွန်ရက်အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေသလို စေတီတော်တစ်ဆူလုံး ရွှေခွာမည်၊ ရွှေတိဂုံ စေတီတော်ကြီးကို ရုတ်တရက်ပြင်ချင်တာက ရိုးမှရိုးသားရဲ့လားစတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ ဆိုပါတယ်။





ဒါ့အပြင် ပြည်သူများနဲ့ အလှူရှင်တွေက ရွှေသင်္ကန်းကပ်လှူတဲ့နေရာမှာ ရွှေစင်ရွှေပြားအစစ်ကိုသာ ကပ်လှူလိုတာကြောင့်ရွှေစင်ပြား(Gold coating) တွေဆက်လက်ဆောင်ရွက်ခြင်းမပြုဖို့လည်းညွှန့်ကြားထားပါတယ်။ ရွှပြား (Gold Plate) ရွှေသင်္ကန်းတော်မကပ်နိုင်တဲ့ ဧရိယာတွေကိုတော့ ရွှေမျက်ပါး/ ရွှေဆိုင်း၊ ရွှေသင်္ကန်းတော်သာ ကပ်လှူဖို့ ရေးသားထားပါတယ်။





စေတီတော်ရဲ့ငှက်ပျောဖူးအောက်ပိုင်း၊ ကြာရင့်၊ ကြာလန်၊ ရွဲ၊ ကြာနု၊ ကြာမှောက်၊ ဖောင်းရစ်(ဖောင်းလုံး)၊ ပန်းဆွဲ၊ သပိတ်မှောက်၊ ရင်စည်း(ခါးစည်း)၊ ခေါင်းလောင်း၊ ခေါင်းလောင်းနား၊ ကျည်းဝန်း(ကျည်းခွေ)၊ ရှစ်မြှောင့်အထိကို ရွှေပြားကြိတ်စက်ရုံမှ ထုတ်လုပ်တဲ့ ရွှေပြား(Gold Plate) များဖြင့် ရနိုင်သရွေ့ကပ်ဖို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က