ဒီနေ့(စက်တင်ဘာ၂၇) ရက်နေ့က သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ မွေးနေ့လေးပါ။ သူမရဲ့ မွေးနေ့လေးမှာ ရှုတင်ခဏနားပြီး အလှူအတန်း တွေ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့(စက်တင်ဘာ၂၇) ရက်နေ့က သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ မွေးနေ့လေးပါ။ သူမရဲ့ မွေးနေ့လေးမှာ ရှုတင်ခဏနားပြီး အလှူအတန်း တွေ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ပါတယ်။ မွေးနေ့မနက်ပိုင်းမှာလည်း သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ဓမ္မဝိဟာရ ဘုန်းကြီးကျောင်းမှာ မွေးနေ့ အလှူလေးကို ပြုလုပ်ခဲ့သလို ကိုလူချောအဖွဲ့နဲ့ လူရွှင်တော်အသင်းတို့ကိုလည်း ငွေကျပ်(၁၀)သိန်းစီ လှူဒါန်းခဲ့ပါသေးတယ်။
ညပိုင်းမှာလည်း ရွှေတိဂုံဘုရားမှာ ဆီမီးတစ်သောင်း သွားရောက်ကပ်လှူမှာ ဖြစ်ပါတယ်။

မွေးနေ့အလှူလေးနဲ့ ပတ်သက်ပြီးတော့ မွေးနေ့ရှင် မခိုင်လေးက မီဒီယာများသို့ ယခုလို ပြောပြခဲ့ပါသေးတယ်။
"မွေးနေ့လေးမှာ အမှတ်တရလေးဖြစ်အောင်ပေ့ါ။ ဒီနေ့က မခိုင်လေး ပါဝင်ထားတဲ့ 'အလျှံပယ်' ရုပ်ရှင်ဇာတ်ကားကြိး စရိုက်တာပေ့ါ။ အဲ့ဒါကို မွေးနေ့မှာ အလှူလေး လုပ်ချင်တော့ ခွင့်လေးယူပြီး အလှူလေးတွေ လိုက်လုပ်နေတာပါ။ မနက်ပိုင်းက ဘုန်းကြီးကျောင်းမှာ ဝတ္ထုငွေကပ် တယ်။ သင်္ကန်းကပ်တယ်။ နောက် ဘုန်းကြီးကျောင်းမှာရှိတဲ့ စာသင်နေတဲ့ ကလေးလေးတွေနဲ့ ကိုရင်လေးတွေအယောက်(၄၀၀)လောက်ကို မုန့်တွေဝေတယ်။ ပြီးတော့ ကိုလူချောအဖွဲ့နဲ့ လူရွှင်တော်အသင်းကို ငွေကျပ်(၁၀)သိန်းစီ လှူဖြစ်တယ်။ ညကျရင်တော့ ဘုရားမှာ ဆီမီးတစ် သောင်း ကပ်လှူမှာပါ" ဆိုပြီး မခိုင်လေး မွေးနေ့အလှူလေးတွေကို ပြောပြခဲ့ပါတယ်။
ပရိသတ်တွေကို အံ့သြသွားအောင် လုပ်လိုက်တဲ့ ခိုင်သင်းကြည်
ခိုင်သင်းကြည်ရဲ့ မွေးနေ့လေးမှာ ခင်ပွန်းနဲ့ သမီးဖြစ်သူ စံထိပ်ထားလေးတို့က မွေးနေ့ Surprise လေး ပြုလုပ်ပေးခဲ့ပါတယ်။ မွေးနေ့ လက်ဆောင်အဖြစ် အသစ်ထွက်တဲ့ I Phone လေးကို လက်ဆောင်ပေးခဲ့ပါသေးတယ်။ ခင်ပွန်းသည်နဲ့သမီးလေးတို့ရဲ့ မွေးနေ့လက်ဆောင် ကြောင့် မခိုင်လေးတစ်ယောက် အရမ်းကို ပျော်ခဲ့ရပါတယ်။သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း ယခုလိုရေးသားထားပါသေးတယ်။
'' Happy Birthday to me, မွေးလက i phone အသစ်ထွက်တဲ့လဖြစ်နေတယ်ဆိုတော့ချစ်တယ်ယောက်ျား။ Pandora (အသဲလေး တစ်ခြမ်း ဆီ မှာ mother နဲ့daughter စာလေးနဲ့ဆိုတော့ပိုကြိုက်) လေးတွေအမြဲပေးတက်တဲ့ မေမေ့အချစ်ဆုံးလေးအရမ်းချစ်။ အိမ် ကို surprise လာ တိုက်တဲ့ ချစ်သောအမျိုးများကျေးဇူးပါ'' ဆိုပြီးတော့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်(၁၂)နာရီ( ၁)၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ တာဖြစ်ပါတယ်။
သရုပ်ဆောင်ခိုင်သင်းကြည်က လက်ရှိမှာ ဒါရိုက်တာ စတီးလ်ရိုက်ကူးနေတဲ့ "အလျှံပယ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်လျက်ရှိပါတယ်။ "အလျှံပယ်" ရုပ်ရှင်ဇာတ်ကြီးမှာ ထွန်းထွန်း၊အလင်းရောင်၊ သက်မွန်မြင့်၊ခိုင်သင်းကြည်၊ရွှေသမီး၊မေမြင့်မိုရ်တို့က အဓိက ပါဝင်သရုပ် ဆောင်ထားကြပါတယ်။
ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင် ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။