သဲလွန်စအချို့ရနေပြီလို့သိရပြီး မကြာခင်မှာ အမှုမှန်ပေါ်ပေါက်နိုင်ဖို့ အလားအလာကောင်းနေပြီလို့ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်မှာ ဇွန်လ ၁၃ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ၃လောင်းပြိုင်လူသတ်မှုရဲ့ တရားခံ ပေါ်ပေါက်နိုင်ရေးအတွက် ခရိုင်မှူး ဦးစီးတဲ့အဖွဲ့က အပူတပြင်း စုံစမ်းရှာဖွေနေတယ်လို့ တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက Duwunကိုပြောပါတယ်။
ဖြစ်စဉ်ကတော့ ဇွန်လ ၁၃ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်မှာ အထက်ရေဖြူမြို့ ဥုံသာရံရထားလမ်းဘေးက နေအိမ်မှာ မိသားစုလိုက် အသတ်ခံခဲ့ရတာပါ။ မိဘနှစ်ပါးနဲ့အတူ ၁ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးပါ အသတ်ခံခဲ့ရတာဖြစ်ပြီး ဒီဖြစ်စဉ်အပေါ် တနင်္သာရီတိုင်းဒေသကြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့အဖွဲ့က လိုက်လံစုံစမ်းနေပြီလို့ သိရတာပါ။
“လက်ရှိမှာတော့ သဲလွန်စအချို့တော့ ရထားပါပြီ။လောလောဆယ်တော့ ဘာဆိုတာ ထုတ်ဖော်ပြောလိုက်ရင် အမှုကွင်းဆက်ပြတ်သွားနိုင်လို့ မပြောနိုင်သေးပါဘူး။ဒီအမှုက ရဲတပ်ဖွဲ့က အပူတပြင်း လိုက်နေပါတယ်။မကြာခင် မှာ အမှုမှန်ပေါ်ဖို့လည်း အလားအလာကောင်းတွေရှိနေပါပြီ။”လို့ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲအရာရှိကြီး တစ်ဦးက ပြောပါတယ်။
အသတ်ခံရတဲ့ အမျိုးသားမှာ မီးရထားဂိတ်စောင့် အလုပ်ကို လုပ်ကိုင်နေသူ ဖြစ်ပြီး ထားဝယ်မြို့တွင်နေထိုင် သည့် ဆွေမျိုးများက အသတ်ခံရသူအမျိုးသားထံ ဖုန်းဆက်ရာ အဆက်အသွယ်မရသဖြင့် သွား ရောက်ကြည့် ရှုရာမှ နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့မြင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါ တယ်။