ခိုင်သင်းကြည်တစ်ယောက် ပေါင်းတည်မြို့ဘိုးဘွားရိပ်သာမှာ အလှူအတန်းတွေလည်း လုပ်ခဲ့သလို ကြည်နူးစရာကောင်းတဲ့အရာလေးတွေ ပိုင်ဆိုင်ခဲ့တယ်လို့ ဆိုပါတယ်. သူမဟာ ကုသိုလ်ရေးနဲ့ ပတ်သက်ပြီး လက်မနှေးသူတစ်ယောက်ဖြစ်ပါတယ်
Photo: Oramin-G
ခိုင်သင်းကြည့်က ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ပေါင်းတည်မြို့နယ်မှာရှိတဲ့ ပေါင်းတည်မြို့ဘိုးဘွားရိပ်သာမှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်. ဒီအလှူလေးမှာလည်း သူမကို အားပေးတဲ့ အဘိုးအဘွားများစွာကို တွေ့ခဲ့ရတာကြောင့် ပျော်ရွှင်ဝမ်းသာမိတဲ့ အကြောင်းတွေ အခုလို ပြောပြလာပါတယ်.
'' ပေါင်းတည်မြို့ဘိုးဘွားရိပ်သာမှာ "Oramin-G "နဲ့အတူအဘိုးအဘွားများကိုဆေးများလှူဒါန်းခဲ့ပါတယ်ရှင် ဘိုးဘွားတွေနဲ့စကားပြောရတာပျော်တယ်ရှင့်အဖွားတယောက်ကသူ့အခန်းထဲမှာမခိုင်ရဲ့ပုံရှိတယ်တဲ့,အဖွားတယောက်ကမခိုင်ပရိတ်သတ်ပါတဲ့(အဖွားငယ်ကတည်းကသမီးကိုအားပေးလာတာပေါ့လေဆိုတော့ရီပါတယ်)နောက်တစ်ယောက်ကတစ်ခါမှမတွေ့ဖူးဘူးတွေ့ရမယ်လည်းမထင်တော့ပျော်တယ်တဲ့,တစ်ယောက်ကတော့ကလေးလေးကျနေတာဘဲဝမ်းနည်းပြီးငိုနေလို့ချော့ခဲ့ရသေးတယ်,ဘာပဲပြောပြောခုခေတ်ရောဂါပေါင်းစုံနဲ့အသက်တိုနေကြတဲ့အချိန်မှာဒီအသက်အရွယ်ထိကျန်းမာရေးကောင်းပြီးစားနိုင်သွားနိုင်နေတာအရမ်းကံကောင်းပါတယ်,အဘိုးအဘွားများကျန်းမာချမ်းသာအသက်ရာကျော်ရှည်ပါစေ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ညနေ ၃ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်.
Photo: Oramin-G
ခိုင်သင်းကြည်ဟာ ဘာသာရေးနဲ့ ပတ်သက်လာရင် ဘယ်တော့မှ နေရာရွေးသူ မဟုတ်ပါဘူး။ကုသိုလ်ရေးမှာလည် း လက်မနှေးသူ ဖြစ်သလို ဘာသာရေးကိုလည်း နေ့စဉ်နေ့တိုင်းမပြတ်အောင် ဆောင်ရွက်တတ်သူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးရေး လုပ်နေတဲ့ ရွာက ဘုန်းကြီးကျောင်းမှာ ဘုရားပန်းကပ်လှူပူဇော်နေတဲ့ ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့သလို ဘုရားပန်းကပ် လှူပူဇော်ပြီးတော့ ပဌာန်းရွတ်ဖတ်ပူဇော်ခဲ့တယ်ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။
Photo: Oramin-G
ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင် ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
Photo: Oramin-G
သရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည်မှာ ချစ်ရတဲ့ ခင်ပွန်း ကိုခန့်နိုင်နဲ့ ချစ်စရာကောင်းတဲ့ သမီးလေး စံထိပ်ထားဦးတို့ကို ပိုင်ဆိုင်ထားပါတယ်.သူ့ရဲ့ ချစ်စရာကောင်းလှတဲ့ တစ်ဦးတည်းသောသမီးလေးစံထိပ်ထားဦးကိုတော့ လက်ရှိမှာ စာကိုပဲ အဓိက လုပ်စေချင်တယ်လို့ ဆိုပါတယ်။ သမီးလေးကိုလည်း လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမဖြစ်တဲ့အကြောင်းကိုလည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။