cryptocurrency လောကဟာ Facebook ရဲ့ နောက်ထပ် ဈေးကွက်တစ်ခု ဖြစ်လာဖို့ရှိပါတယ်။
BBC သတင်းတစ်ပုဒ်မှာ Facebook ဟာ လာမယ့်နှစ် ပထမသုံးလပတ်အတွင်းမှာ ကုမ္ဗဏီရဲ့ပထမဆုံး cryptocurrency စနစ်ကို မိတ်ဆက်သွားဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။ ကုမ္ဗဏီအနေနဲ့၂၀၁၉ အကုန်ပိုင်းလောက်မှာ ဒီ cryptocurrency စနစ်ကို စမ်းသပ်သွားဖို့ရှိပြီး အသေးစိတ်အချက်အလက်ကို မကြာခင်မှာ ကြေညာသွားဖို့လည်း ရှိပါတယ်။

Photo: Altcoin Buzz
Facebook ကုမ္ဗဏီအတွင်းမှ အချက်အလက်များအရ ဒီ currency ကို GlobalCoin လို့ခေါ်သွားဖို့ရှိပြီး နိုင်ငံပေါင်းတစ်ဒါဇင်ခန့်မှာ စတင် မိတ်ဆက်သွားမယ်လို့လည်း သတင်းထွက်နေပါတယ်။ ဘဏ်အကောင့်မလိုဘဲ ဈေးသက်သာပြီး လုံခြုံရေးမြင့်မားတဲ့ ငွေပေးငွေချေမှူကိုလည်း ဒီ cryptocurrency စနစ်ကနေ လုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ရပြီး နည်းပညာပိုင်းနဲ့စည်းမျဉ်းဥပဒေ အခက်အခဲအများအပြား ကျော်ဖြတ်ရဖို့လည်း ရှိနေပါတယ်။
BBC သတင်းမှာပဲ Facebook ရဲ့ CEO မတ်ခ်ဇူကာဘတ်ခ်ဟာ အင်္ဂလန် ဘဏ်ဥက္ကဌ မတ်ခ်ကာနေးနဲ့ဒစ်ဂျစ်တယ်ငွေကြေးကြောင့် ရလာမယ့် အခွင့်အလမ်းနဲ့အခက်အခဲတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ဖောြ်ပထားပါတယ်။ Facebook CEO မတ်ခ်ဇူကာဘတ်ခ်ဟာ အမေရိကန်ငွေကြေးအဖွဲ့အစည်းများနဲ့Western Union လို အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံပြီး cryptocurrency နဲ့ဆက်စပ်တဲ့ လုပ်ငန်းဖော်ဆောင်မှူနဲ့ဥပဒေစည်းမျဉ်းပြဿနာများအကြောင်း စကားပြောခဲ့ပါတယ်။
cryptocurrency ဈေးကွက်အနေနဲ့Facebook ပစ်မှတ်ထားတဲ့ နိုင်ငံကတော့ အိန္ဒိယဖြစ်ပါတယ်။တစ်ဘက်မှာလည်း အိန္ဒိယအစိုးရဟာ cryptocurrency တွေကို ပိတ်ပင်ထားတာကြောင့် အိန္ဒိယဈေးကွက်မှာ Facebook အနေနဲ့အခက်တွေ့ရဖို့ရှိပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့နှစ် မေလကတည်းက cryptocurrency လုပ်ငန်းထဲ ဝင်ဖို့စီစဉ်နေတယ်ဆိုပြီး သတင်းထွက်ခဲ့ပါတယ်။
Photo: Vaaju
cryptocurrency တွေဟာ အချက်အလက်နဲ့ငွေကြေး အလွဲှအပြောင်းတွေကို blocks တွေအဖြစ် စုထားတဲ့ Blockchain နည်းပညာပေါ် အလုပ်လုပ်တာဖြစ်ပြီး တစ်ဘက်နဲ့တစ်ဘက် မသိဘဲနဲ့ပေးပို့နိုင်မှာပါ။ ဒစ်ဂျစ်တယ် tokenတွေကို အွန်လိုင်း wallet တွေထဲမှာ သိမ်းထားတာ ဖြစ်ပြီး ဘဏ်နဲ့အစိုးရပိုင်းလို ဗဟိုချုပ်ကိုင်မှူ မပါဘဲ အလုပ်လုပ်နေတဲ့ ငွေကြေးစနစ်ပါ။ အခုဆို ဒီ virtual currency တွေကို ဟိုတယ်အခန်းငှားတာကနေ အိမ်ဝယ်တာ အစားအသောက်ဝယ်တာအထိ သုံးနိုင်ပြီ ဖြစ်ပါတယ်။
Facebook ရဲ့ cryptocurrency စီမံကိန်းကို Project Libra လို့နာမည်ပေးထားပြီး ဘဏ်တွေနဲ့ပွဲစားတွေကို ငွေသားကနေ ဒစ်ဂျစ်တယ်ကွိုင်အဖြစ် လက်ခံလဲပေးဖို့ကြိုးစားနေပါတယ်။ လက်ရှိမှာလည်း အွန်လိုင်းက ကုန်သည်တစ်ချို့နဲ့ချိတ်ဆက်ပြီး cryptocurrency ကို ငွေပေးချေမှူအဖြစ် လက်ခံပေးဖို့စကားပြောထားပါတယ်။