အချက်အလက် ခြေရာခံတဲ့ Facebook ပိုင် Onavo Protect ဆိုတဲ့ VPN app ကိုလည်း အပြီးတိုင် ပိတ်သိမ်းသွားဖို့ရှိပါတယ်။

iOS နဲ့Android ထုတ်ကုန်တွေအတွက် ဖြန့်ချိခဲ့တဲ့ ဒီ VPN app ဟာ လက်ရှိမှာ Apple ရဲ့ မူဝါဒကို ချိုးဖောက်မှုကြောင့် App Store ကနေ ဖယ်ရှားခံထားရပါတယ်။ အန်းဒရိုက်စနစ်ပေါ်မှာ သွားနေဆဲဖြစ်ပေမယ့် facebook ကတော့ ဒီ app ကို သုံးတဲ့ သူအသစ်တွေ ထပ်မဖြည့်တော့ဘဲ ရပ်နားထားတယ်လို့ဆိုပါတယ်။
ဆယ်ကျော်သက်လူငယ်တွေကို လစဉ်ပိုက်ဆံပေးပြီး အချက်အလက်တွေ ရယူနေတဲ့ Facebook ဟာ unpaid service ဖြစ်ပြီး အလားတူ app တစ်ခုကိုမှ Facebook ကနေ သုံးစွဲသူတွေကို ပိုက်ဆံပေးသုံးထားတဲ့ app တစ်ခုလည်း ရှိပါတယ်။ Facebook ဟာ လူငယ်တွေရဲ့ လူမှုကွန်ရက်သုံးစွဲမှု မှတ်တမ်းကို သိနိုင်ဖို့အတွက် Facebook Research ဆိုတဲ့ app တစ်ခုကို ထုတ်ခဲ့ပါတယ်။
Photo: Tech Crunch
ဒီ app ကို သုံးတဲ့ အသက် ၁၃ နှစ်ကနေ ၃၅ အကြား လူငယ်တွေဟာ တစ်လကို ဒေါ်လာ ၂၀ လစဉ်ပေးခဲ့တယ်လို့Tech Crunch သတင်းက ဖော်ပြခဲ့ပါတယ်။၂၀၁၆ ကစပြီး Facebook Research app ဟာ သုံးစွဲသူတွေရဲ့ privacy ကို လစဉ်ငွေပေးပြီး ဝယ်ယူခဲ့တာပါ။ ဒီ app ဟာ သုံးစွဲသူတွေရဲ့ Web history နဲ့အချက်အလက် တွေကို နှိုက်ယူမယ့် app လည်း ဖြစ်ပါတယ်။
Facebook ဟာ လူငယ်လူမှုကွန်ရက်သုံးသူတွေအကြားမှာ ပိုပြီး နေရာယူနိုင်ဖို့နည်းအမျိုးမျိုးနဲ့ကြိုးပမ်းနေပြီး မကြာသေးခင်ကလည်း TikTok လို ဆယ်ကျော်သက်လူငယ်တွေအကြား ထိုးဖောက်နိုင်မယ့် ၁၅ စက္ကန့်စာ Video app တစ်ခု ဖြစ်တဲ့ Lasso app ကို မိတ်ဆက်ခဲ့ပါတယ်။