တလောကပဲ ကုမ္ပဏီထဲက ဝန်ထမ်းတွေနဲ့စမ်းသပ်ခဲ့တဲ့ Facebook ရဲ့ dating service ကတော့ ကိုလံဘီယာကို ရောက်လာပြီ ဖြစ်ပါတယ်။
Photo: CNET
Facebook ဟာ F8 Developer ကွန်ဖရင့်မှာကတည်းက ဒီဝန်ဆောင်မှုကို မိတ်ဆက်ခဲ့တာပါ။ ဒီဝန်ဆောင်မှုဟာ Facebook ပင်မ app ထဲမှာ tab တစ်ခုအနေနဲ့ထည့်သွင်းလာမှာ ဖြစ်ပြီး သုံးစွဲမယ့်သူဟာ Facebook Dating ပရိုဖိုင်အဖြစ် သီးသန့်ပြန်ပြီး ဖန်တီးရမှာပါ။ ဒီပရိုဖိုင်ကို တခြား Dating users တွေပဲ မြင်နိုင်မယ်လို့ဆိုပါတယ်။
Facebook Dating app မှာ တင်သမျှ ပို့စ်တွေ activity ကို Facebook ရဲ့ NewsFeed အပါအဝင် တစ်ခြားနေရာတွေမှာ ပြန်မပြဘူးလို့ထုတ်ပြန်ထားပါတယ်။ ဒီ feature ဟာ Tinder လိုမျိုး လူတွေရဲ့ အကြိုက်တူတဲ့ အပိုင်းနဲ့လိုက်ချိတ်တာ ဖြစ်ပြီး အချင်းချင်း စကားပြောနိုင်မှာ ဖြစ်ပါတယ်။
လောလောဆယ် သတ်မှတ်ချက်ကတော့ Facebook Dating Service သုံးမယ့်သူဟာ အသက် ၁၈ နှစ်အထက် ရှိရမှာ ဖြစ်ပြီး အခမဲ့ဝန်ဆောင်မှုအနေနဲ့ဖြန့်ချိလိုကတာပါ။ ဒီ feature မှာ ကြေငြာတွေ မထည့်ထားသလို ပိုက်ဆံပေးပြီး သုံးရတဲ့ premium feature တွေလည်း မပါသေးပါဘူး။ Facebook နဲ့အပြင် နာမည်ကြီး Tinder ကတော့ Tinder Plus/Gold စတဲ့ premium feature တွေ ထည့်သွင်းထားပါတယ်။
သုံးစွဲသူ သန်း ၂၂၀၀ ကျော်ရှိထားတဲ့ Facebook မှာ လူပျိုလူလွတ်အဖြစ် မှတ်ပုံတင်ထားသူဦးရေဟာ သန်း ၂၀၀ ကျော် ရှိထားတယ်လို့Facebook Dating ရဲ့ ထုတ်ကုန်မန်နေဂျာ နေသန် ရှာ့ပ်က ဆိုပါတယ်။ "ဒါဟာ ကျွန်တော်တို့အတွက် လူတွေကို အဓိပ္ပါယ်ပြည့်ဝတဲ့ နည်းလမ်းတွေနဲ့ဆက်ဆံရေးတွေ ဖော်ဆောင်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခုပါ" လို့သူက ပြောပါတယ်။

Photo: Mashable
Facebook ဟာ ဒီဝန်ဆောင်မှုအတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက စဉ်းစားခဲ့တာ ဖြစ်တယ်လို့မေလထဲမှာ ကျင်းပခဲ့တဲ့ F8 Developer Conference ပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေအကြား Dating Service ကို စမ်းသပ်ခဲ့တယ်လို့သတင်းထွက်ပေါ်လာခဲ့ပါတယ်။