Watch ဖန်တီးသူများအတွက်ပါ ဝင်ငွေရအောင် လုပ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Facebook Watch ကို နေရာတိုင်းမှာ ရနိုင်ပြီလို့Facebook မှ ကြေငြာလိုက်ပါတယ်။

FBWatch20171215.jpg

Photo: Ad Age

 

YouTube စတိုင် ဗွီဒီယိုပလက်ဖောင်းဖြစ်တဲ့ Watch ဟာ ဗွီဒီယိုတွေကို သူ့ကဏ္ဍနဲ့သူ နောက်ဆုံးရ လူပြောအများဆုံး ကဏ္ဍ ၊ မလွတ်တမ်း ကြည့်ထားသင့်တဲ့ ကဏ္ဍ စသည်ဖြင့် ကဏ္ဍစုံ ခွဲပြီး ဗွီဒီယိုများကို သူ့ဟာနဲ့သူ ရှာနိုင်အောင် စီစဉ်ထားတာပါ။ မူရင်း ရှိုးတွေနဲ့အတူ ဒီတစ်ပတ်ထဲမှာ Facebook ဟာ Watch မှာ တိုက်ရိုက် game ပွဲတွေ ၊ ဉာဏ်စမ်းပဟေဠိတွေနဲ့polls ကောက်တာတွေပါ ထည့်သွင်းလိုက်ပါတယ်။

TV shows များကို ကြည့်ဖို့အတွက် အသစ်မိတ်ဆက်လိုက်တဲ့ Watch မှာ Facebook ရဲ့ ဗွီဒီယိုရှိုးတွေ အပြင် တစ်ခြား Facebook နဲ့ပူးပေါင်းထားတဲ့ မီဒီယာတွေဆီက ရုပ်သံဗွီဒီယိုတွေ အများကြီး ထည့်သွင်းထားပါတယ်။ ဒီဇိုင်းပိုင်းအရ YouTube လိုပဲ တင်တဲ့ သူနဲ့တင်တဲ့ နေ့စွဲနာရီတွေပါထည့်သွင်းထားပါတယ်။

"ကျွန်တော်တို့product ကို လူတွေ လာပြီး ချိတ်ဆက်အောင် ဒီဇိုင်းဆွဲထားပါတယ်။" လို့Facebook ရဲ့ ရုပ်သံဒုဥက္ကဌ ဖစ်ဂျီ ဆီမိုက ဆိုပါတယ်။ Facebook ရဲ့ ထုတ်ပြန်ချက်အရ Watch ကဏ္ဍကို လူသန်း ၅၀ ဟာ တစ်လကို အနည်းဆုံး ၁ မိနစ်ကျော်ကြာအောင် ကြည့်ကြတယ်လို့ဆိုပါတယ်။

Facebook ဟာ Watch မှာ ချန်နယ်ဖွင့်ပြီး ဗွီဒီယိုတင်နေသူများအတွက် ပိုက်ဆံပေးဖို့လည်း စီစဉ်နေပါတယ်။ Watch မှာ followers ၁ သောင်း ရှိသူ ၊ တစ်လမှာ တစ်မိနစ် ကြည့်သူဦးရေ ၃ သောင်းကျော်သူများဟာ မကြာခင် လစဉ်ငွေပုံမှန်ရတော့မှာပါ။

Photo: IBTimes

 

Watch ဖန်တီးသူများအွက် ကြော်ငြာကနေ ဝင်ငွေရမယ့် Ad Breaks ဝန်ဆောင်မှုကို Facebook ဟာ ယူကေ ၊ အိုင်ယာလန် ၊ သြစတြေးလျနဲ့နယူးဇီလန်တို့မှာ စတင် မိတ်ဆက်ခဲ့တာပါ။ လာမယ့်လကစပြီး ပြင်သစ် ၊ စပိန် ၊ ဂျာမဏီ ၊ အာဂျင်တီးနားနဲ့ထိုင်းအပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။

 

Share

Loading Next Article...
က္က