ပြိုင်ဘက်တွေဆီ Users သစ် ရောက်လာပါ

Facebook အခက် Telegram အချက်လို့ ဆိုရမှာပါ။

           သုံးစွဲသူ သန်း ၃၀၀၀ နီးပါးရှိတဲ့ Facebook လူမှုကွန်ရက်လုပ်ငန်းစုကြီးရဲ့ နာရီပေါင်းများစွာကြာအောင် ကွန်ရက်ပြတ်တောက်မှုအတွင်းမှာ Messenger ရဲ့ပြိုင်ဘက် အမြန်စာပို့ app တစ်ခုဖြစ်တဲ့ Telegram ကို စာရင်းသွင်းအသုံးပြုသူ စံချိန်တင် ထိုးတက်ခဲ့တယ်လို့ ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ CEO ပါဗယ်ဒူးရော့က ပြောပါတယ်။ CNet သတင်းမှာ ဖော်ပြချက်အရ တနင်္လာနေ့က Facebook လုပ်ငန်းစု Offline ဖြစ်သွားချိန်မှာ Telegram မှာ users သစ် သန်း ၇၀ အထိ ရောက်လာခဲ့တယ်လို့လည်း ဆိုပါတယ်။




Photo: a10networks

           "မထင်လောက်အောင် လူတိုးလာတာနဲ့ ပတ်သက်လို့ ကျွန်တော့်အသင်းရဲ့ ကိုင်တွယ်မှုကို ဂုဏ်ယူရပါတယ်။ ဒီလောက် လူအများကြီး ရောက်လာတာတောင် Telegram ကိုချောချောမွေ့မွေ့ လည်ပတ်နိုင်အောင် လုပ်နိုင်လို့ပါ။"လို့ ပါဗယ် ဒူးရော့က သူ့ရဲ့ Telegram ချန်နယ်မှာ ရေးထားပါတယ်။

           အမေရိကမှာ ရှိတဲ့ သုံးစွဲသူတချို့ကတော့ ပုံမှန်ထက် လိုင်းနှေးကွေးတာကို ကြုံရနိုင်တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ အမေရိကန်တိုက်ထဲက သန်းနဲ့ချီတဲ့ သုံးစွဲသူတွေဟာ Telegram ကို တချိန်တည်း ပြုံပြီး Sign Up လုပ်နေတာကြောင့်ဖြစ်တယ်လို့လည်း ဒူးရော့က ပြောပါတယ်။ Telegram ကို ရုရှားနိုင်ငံဖွားနည်းပညာစွန့်ဦးတီထွင်သူ ပါဗယ်ဒူးရော့က ၂၀၁၃ ခုနှစ်မှာ လွှင့်တင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ လစဉ်သုံးစွဲသူ သန်း ၅၀၀ ဝန်းကျင်ရှိတယ်လို့လည်း ဆိုပါတယ်။

           Configuration ပြောင်းလိုက်တာကြောင့် Facebook ပိုင် လူမှုကွန်ရက်ကုမ္ပဏီတွေဖြစ်တဲ့ Facebook ၊ Instagram ၊ WhatsApp နဲ့ Messenger တို့ ၆ နာရီကြာ သုံးမရ ဖြစ်ခဲ့ပါတယ်။ Facebook services တွေ လိုင်းကျသွားချိန်မှာ ပြိုင်ဘက် စာပို့ apps ဖြစ်တဲ့ Signal မှာလည်း Users သစ် သန်းနဲ့ချီ ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ Facebook ပိုင် လူမှုကွန်ရက် apps တွေ Offline ဖြစ်သွားတဲ့နောက် ကုမ္ပဏီဟာ ဝင်ငွေအနေနဲ့ အနည်းဆုံး ဒေါ်လာသန်း ၆၀ ဆုံးရှုံးခဲ့ဖွယ် ရှိတယ်လို့ Fortune နဲ့ Snopes တို့က ခန့်မှန်းပါတယ်။

       


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က