အရှေ့တောင်အာရှရဲ့နာမည်ကျော် စာရေးကိရိယာအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ FlexOffice နှင့် Like Link ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်ခြင်း၁၀ နှစ်ပြည့် အခမ်းအနားနဲ့ Brand Ambassador အဖြစ် ဗီယက်နမ်အလှမယ် ငုယင်ထရန်ဟုရင်မေအား ခန့်အပ်ခြင်းအခမ်းအနားကို မတ်လ ၁၆ ရက်နေ့က မန္တလေးမြို့ ဟိုတယ်ရွှေပြည်သာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
FlexOffice အမှတ်တံဆိပ်ကို Thien Long Group က နိုင်ငံတကာဈေးကွက်အတွက်ရည်ရွယ်ပြီး ၂၀၀၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ FlexOffice ဟာသူတို့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေကြားမှာ စာရေးစက္ကူ၊ ဘောပင်၊ စာရေးကိရိယာတို့နဲ့ပတ်သက်ပြီး နံပါတ် ၁ ကုမ္ပဏီဖြစ်လာဖို့၊ ဈေးကွက်ကိုဦးဆောင်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင် လျက်ရှိတယ်လို့ သိရပါတယ်။
FlexOffice တည်ထောင်ခြင်း ၁၀ နှစ်ပြည့်နဲ့ FlexOffice နှင့် Like Link ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်ခြင်း ၁၀ နှစ်ပြည့်အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားမှာ FlexOffice ရဲ့ Brand Ambassador အဖြစ်နာမည်ကျော် ဗီယက်နမ်အလှမယ် ငုယင်ထရန်ဟုရင်မေကို ခန့်အပ်ကြောင်းကြေညာခြင်းနှင့်အတူ တေးဂီတဖျော်ဖြေရေး အစီအစဉ်တွေ၊ Lucky Draw အစီအစဉ်တွေကိုလည်းထည့်သွင်းကျင်းပခဲ့ပါတယ်။
ယင်းအခမ်းအနားမှာ FlexOffice ရဲ့ဒါရိုက်တာတစ်ဦးက ညစာစားပွဲကိုတက်ရောက်လာတဲ့ဧည့်သည်တော်များကို ကျေးဇူးတင်ရှိကြောင်း၊ FlexOffice ကမြန်မာနိုင်ငံမှာလူသုံးများတဲ့ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်လာတဲ့အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပြီး FlexOffice ရဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီလိုပဲ FlexOffice ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခံရတဲ့ နာမည်ကျော် ဗီယက်နမ်အလှမယ် ငုယင်ထရန်ဟုရင်မေကလည်း FlexOffice ရဲ့Brand Ambassador အဖြစ်ခန့်အပ်ခံရတဲ့အတွက်ဝမ်းသာဂုဏ်ယူမိကြောင်း၊ မြန်မာနိုင်ငံမှလုပ်ငန်းရှင်တွေကလည်း လုပ်ငန်းစဉ်အောင်မြင်ဖို့အတွက်သူ့အပေါ်အကူအညီပေးကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။
ညစာစားပွဲအခမ်းအနားအတွင်း အစားအသောက်များနဲ့တည်ခင်းဧည့်ခံပြီး Lucky Draw အစီအစဉ်များနဲ့ တေးဂီတဖျော်ဖြေမှုများကိုပြုလုပ်ခဲ့ကာ နောက်ပိုင်းမှာ ကံထူးရှင်များအားဆုလက်ဆောင်များချီးမြှင့်ခြင်း၊ ဝယ်လိုအားအကောင်းဆုံးလုပ်ငန်းရှင်များအား ဂုဏ်ပြုဆုလက်ဆောင်များချီးမြှင့်ခြင်းတို့ကိုလည်းပြုလုပ်သွားခဲ့ပါတယ်။