• follower ၄၃ သန်း ရှိတဲ့ group တစ်ခု Facebook ပိတ်သိမ်း

Facebook ရဲ့ ဆဌမအကြီးဆုံး လူမှုကွန်ရက်ဈေးကွက်ပါ

အကောင့်တုတွေ သုံးပြီး လူမှုကွန်ရက်မှာ page ရာပေါင်းများစွာ ဆောက်ထားတဲ့ ဖိလစ်ပိုင်က ဒစ်ဂျစ်တယ်မားကတ်တင်းအဖွဲ့အစည်းတစ်ခုကို Facebook က ပိတ်သိမ်းကြောင်းကြေငြာလိုက်ပါတယ်။

image

         မရိုးဖြောင့်တဲ့ လုပ်ရပ်ကြောင့် အခုလို ပိတ်သိမ်းလိုက်တာ ဖြစ်ပြီး ဒီအဖွဲ့အစည်းရဲ့ page တွေအားလုံးနောက်မှာ followers ၄၃ သန်း ကျော် ရှိနေတယ်လို့ဆိုပါတယ်။ ဖိလစ်ပိုင်ဟာ ကမ္ဘာပေါ်မှာ Facebook သုံးစွဲသူ အများဆုံး ရှိတဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး လူပေါင်း ၇၃ သန်း သန်းကျော်ဟာ Facebook အသုံးပြုနေမယ်လို့ဂျာမန် အချက်အလက်စစ်တမ်း ကုမ္ပဏီ Statista က ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ခန့်မှန်းထားပါတယ်။

         တစ်နည်းအားဖြင့် ကမ္ဘာပေါ်မှာ Facebook အသုံးများဆုံးမှာ အဆင့် ၆ နေရာက ရပ်တည်နေတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှ လူမှုကွန်ရက်သုံးသူတွေဟာ တစ်နေ့ကို ၄ နာရီလောက်အထိ Facebook သုံးနေကြပြီး ကမ္ဘာပေါ်မှာ လူမှုကွန်ရက် သုံးစွဲချိန် အမြင့်ဆုံး users တွေလို့ဆိုပါတယ်။ ဒါကြောင့်ပဲ ဖိလစ်ပိုင်လူမှုကွန်ရက်သုံးသူများကို အသုံးချပြီး သတင်းတုဖြန့်ဖို့ဖြစ်နေခဲ့တာပါ။

         ဇန်နဝါရီ ၁၀ ရက်နေ့က Facebook ဟာ Twinmark Media Enterprises နာမည်နဲ့digital marketing အဖွဲ့ပိုင် Facebook page ပေါင်း ၂၂၀ ခု ၊ အကောင့် ၇၃ ခု နဲ့Instagram အကောင့် ၂၉ ခုတို့ကို ဖယ်ရှားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ၂၀၁၈ အောက်တိုဘာကလည်း Facebook ဟာ ဖိလစ်ပိုင်မှ page ပေါင်း ၉၅ ခု ၊ အကောင့်ပေါင်း ၃၉ ခုကို ဖယ်ရှားခဲ့တယ်လို့ကြေငြာခဲ့ပြီး ဒီထဲမှာ follower ၄.၃ သန်းရှိတဲ့ အကောင့်တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။         

         Facebook ဟာ လူမှုကွန်ရက်စံနဲ့မညီတဲ့ အကောင့်နဲ့page များကို ဆက်တိုက်အရေးယူမှု ပြုထားပြီး ၂၀၁၈ ဧပြီကနေ စက်တင်ဘာ ၆ လအတွင်း အကောင့်တု သန်းပေါင်း ၁၅၀၀ ကျော်နဲ့spam posts ပေါင်း သန်း ၂၁၀၀ ကျော်ကို ပယ်ဖျက်ခဲ့တယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က