Online ပြန်ဖြစ်သွားပြီလို့ ထုတ်ပြန်ထားပါတယ်

နာမည်ကျော် အွန်လိုင်းဗွီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Fortnite ဟာ နာရီအတန်ကြာအောင် ပြတ်တောက်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

ဗုဒ္ဓဟူးနေ့က Epic Games ထုတ် Fortnite ထဲ ကစားသမားတွေ ၅ နာရီကျော်ကြာအောင် ဝင်မရတဲ့ ပြဿနာကြုံခဲ့တယ်လို့ The Verge သတင်းက ဖော်ပြပါတယ်။ Fortnite Status ရဲ့ Tweet မှာ "လောလောဆယ် Fortnite ကို သုံးလို့ မရဖြစ်နေပါတယ်။ ကျွန်တော်တို့ ပြဿနာကို စစ်ဆေးနေချိန်မှာ ကစားသမားတွေလည်း log-in ဝင်မရဖြစ်နေကြပါတယ်။ ဝန်ဆောင်မှုတွေ ပြန်ရပြီဆိုတာနဲ့ သတင်းပေးပါ့မယ်" ဆိုပြီး တင်ထားပါတယ်။ 



Photo: GINX Esports TV

အခုတော့ Fortnite ဂိမ်း အွန်လိုင်းပြန်ဖြစ်သွားပြီလို့ ဆိုပါတယ်။ ကနဦးက Fortniteဆာဗာတွေ ပြတ်တောက်ခဲ့ပြီး Epic Games launcher ကလည်း Fortnite ကို စတင်နိုင်တာကြောင့် ဆာဗာဟာ offline ပဲ ပြနေခဲ့တာပါ။ နောက်ပိုင်းမှာ ဂိမ်းကို ဖွင့်လို့ရပေမယ့် ဂိမ်းထဲဝင်ဖို့ ၁၀ မိနစ်လောက် စောင့်ခဲ့ရပြီး Connect မပြနိုင်ဘူးလို့ ဆိုပါတယ်။ ဒီပြဿနာဖြစ်နေချိန်မှာပဲ Epic Games Store ထဲမှာလည်း ပလေယာတချို့ Log In ဝင်မရတာ ဂိမ်းကစားလို့ မရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

DownDetector အရ GTA Online လည်း ကစားမရဖြစ်ခဲ့သလို နဲ့ Discord မက်ဆေ့ဝန်ဆောင်မှုလည်း သုံးမရတာတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပြီး ဒီဖြစ်ရပ်တွေဟာ ဆက်စပ်နေသလားဆိုတာတော့ မသိရသေးပါဘူ။ ၂၀၂၁ ခုနှစ်ထဲမှာ အခုလို ကွန်ရက်ပြတ်တောက်မှုတွေ အတော်များများ ဖြစ်ပျက်ခဲ့ပါတယ်။ ဒီဇင်ဘာလဆန်းပိုင်းကပဲ Amazon Web Services (AWS) ကွန်ရက်ပြသနာရှိခဲ့တာကြောင့် Disney+ နဲ့ Vice အပါအဝဝင် ဝက်ဘ်ဆိုက်အတော်များများ ဝင်မရဖြစ်ခဲ့ပါတယ်။ Fortnite ကလည်း AWS Backend ယူပြီး လည်ပတ်နေတာ ဖြစ်ပါတယ်။

Fortnite ဂိမ်းရေးဆွဲတဲ့ Epic Games ကုမ္ပဏီဟာ ဂိမ်းအတွင်း ပစ္စည်းဝယ်ယူမှုစနစ်နဲ့ ပတ်သက်ပြီး Apple ၊ Google စတဲ့ Play Store ကုမ္ပဏီကြီးတွေနဲ့ တရားတဘောင်ဖြစ်ခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က