Fortnite ဂိမ်းဟာ Batman နှစ် (၈၀) ပြည့်အတွက် သူတို့ရဲ့ဂိမ်းထဲမှာ Batman နဲ့ပတ်သက်တဲ့ အရာတွေ ထည့်သွင်းပွဲခံလာတာကို တွေ့ရပါတယ်။

      လူကြည့်အများဆုံးနဲ့ ဆော့ကစားသူအများဆုံးဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ Fortnite ဟာ DC/Marvel စူပါဟီးရိုးတွေ ပါဝင်တဲ့ Event တွေကို အခါအားလျှော်စွာ ပြုလုပ်ပေးပြီး ကစားသူတွေကို ဆွဲဆောင်လေ့ရှိပါတယ်။


         Epic Games ကတော့ Batman ရဲ့ နှစ် ၈၀ ပြည့်အထိမ်းအမှတ်ကို ဂိမ်းတွေအလကားပေးပြီး ဆင်နွှဲထားတာကို မဝသေးတဲ့ပုံပါပဲ။ သူတို့ရဲ့ကိုယ်ပိုင် Game လည်းဖြစ်တဲ့ ရေပန်းအစားဆုံး Battle Royale ဂိမ်း Fortnite မှာလည်း Batman နှစ် ၈၀ ပြည့် အထိမ်းအမှတ်အနေနဲ့ Event တစ်ခုကိုလည်း ထည့်သွင်းပေးလာပါတယ်။


         ဒီ Event အတွက် Epic Games ဘက်က ပထမဆုံး ကြေညာခဲ့တာကတော့ Batman Skins တွေပါ။ ပရိသတ်တွေက Skins လောက်နဲ့ မကျေနပ်နိုင်လို့ စိတ်ပျက်ခဲ့ရပေမယ့် သိပ်မကြာခင်မှာပဲ Batman ရဲ့မြို့တော်ဖြစ်တဲ့ Gotham City ကိုလည်း Event ထဲထည့်ပေးမယ့်အကြောင်းကို ထပ်မံကြေညာခဲ့ပါတယ်။

         အသစ်ထည့်သွင်းပေးထားတဲ့ Skin တွေထဲမှာတော့ Catwoman Skin, Batman Skin ကိုမှ Comic Book ဗားရှင်းနဲ့ ဒါရိုက်တာ Christopher Nolan ရဲ့ Dark Knight ဗားရှင်းဆိုပြီး နှစ်မျိုးပါမှာပါ။ အခြား Accessories တွေအနေနဲ့ကတော့ Melee Weapon အဖြစ်သုံးလို့ရမယ့် Batman Pick Axe, Glider အဖြစ်သုံးလို့ရမယ့် Batwing နဲ့ Batglider, DC Music Pack အပြင် Emote အသစ် Bat Signal တို့ပါဝင်ပါတယ်။ Batman ရဲ့ iconic weapon ဖြစ်တဲ့ Batarang ကတော့ In-game ထဲမှာ အသုံးပြုနိုင်မယ့် Weapon အဖြစ်ပါဝင်လာမှာပါ။ Batman ရဲ့အချစ်တော်ဗီလိန်ကြီး Joker အတွက် Skin ကတော့ ဒီ Event မှာပါဝင်လာခြင်းမရှိခဲ့ပါဘူး။


         နောက်ထပ်ထည့်သွင်းပေးထားတာကတော့ Batman ရဲ့မြို့တော် Gotham City ပါ။ Fortnite Map ရဲ့ Tilted Town ဆိုတဲ့နေရာမှာ Gotham City ကို အစားထိုးတာဖြစ်ပြီး ပရိသတ်တော်တော်များများကတော့ သဘောခွေ့လျက် ရှိပါတယ်။ Gotham City ဆိုတဲ့အတိုင်း အထင်ကရနေရာတွေဖြစ်တဲ့ ဂေါ့သမ်ရဲဌာနချုပ်၊ ဝိန်းလုပ်ငန်းစုရဲ့ မိုးမျှော်တိုက် အဆောက်အဦ၊ ဘရုစ်ဝိန်းနဲ့ သူ့မိဘတွေ နောက်ဆုံးအတူရှိခဲ့တဲ့ Monarch Theatre စတဲ့ အဆောက်အဦတွေ ပါဝင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Gotham City ထဲကို ဆင်းတဲ့သူတိုင်း ပိုက်ဆံပေးဝယ်ယူရတဲ့ Batglider Skin ကို Gotham City ထဲမှာရှိနေတဲ့တစ်ချိန်လုံး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

         Fortnite ဟာ သူ့ကစားသမားတွေကို ပျော်အောင်ထားပေးတဲ့နေရာမှာ တော်တော်လေးနာမည်ကြီးပါတယ်။ ကစားသမားတွေ ဆော့ပျော်ဖို့အတွက် Event တွေကို အမြဲတမ်းလိုလိုလုပ်ပေးလျက်ရှိပြီး အဲဒီထဲမှာ နာမည်ကျော် DJ တစ်ဦးဖြစ်တဲ့ Marshmello ရဲ့ Concert ကိုထည့်သွင်းပေးခဲ့တဲ့ Event ၊ Avengers: Infinity War နဲ့ Crossover လုပ်တဲ့ Event တွေကတော့ တော်တော်လေးလူကြိုက်များခဲ့တဲ့ Event တွေပါ။ အဲဒီလို ကစားသမားတွေကို ဂရုစိုက်တာကြောင့် ကြောင့်လည်း Fortnite ဟာ အခုအချိန်အထိ ကြောက်စရာကောင်းလှတဲ့ ကစားသမားအင်အားကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။


         ယခုလက်ရှိပြုလုပ်ပေးနေတဲ့ Fortnite x Batman Event ဟာ အောက်တိုဘာလ ၆ ရက်နေ့ရောက်ရင် ကုန်ဆုံးမှာဖြစ်တာကြောင့် ပါဝင်ဆင်နွှဲလိုသူတွေအနေနဲ့ အခုကတည်းက ဝအောင်ကစားထားဖို့ တိုက်တွန်းချင်ပါတယ်။


Written by Myo Thant Kyaw


Share

Loading Next Article...
က္က