ယူရို ၁၂၆ သန်းနဲ့ ခေါ်ယူထားတဲ့ ကစားသမားဆီက လိဂ် ၁၅ ပွဲမှာ ၂ ဂိုးသာရရှိထားချိန် ဘာစီလိုနာနဲ့ ဆီမီးဖိုင်နယ် ကစားရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
တန်ဖိုးကြီး ပေးခေါ်ထားရတဲ့ တိုက်စစ်မှူး ဖိလစ်တစ်ယောက် ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခြင်းမရှိတာနဲ့ ပတ်သက်ပြီး နည်းပြ ဆိုင်မွန်တစ်ယောက် စိတ်ညစ်နေရတယ်လို့ AS သတင်းဌာနက ဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ယူရို ၁၂၆ သန်းနဲ့ ဘင်ဖီကာအသင်းထံကနေ ခေါ်ယူထားတဲ့ ပေါ်တူဂီ လက်ရွေးစင်အနေ နဲ့ ဒီနှစ်ဘောလုံးရာသီမှာ အသင်းနဲ့အတူ လိဂ် ၁၅ ပွဲကစားပြီး ၂ဂိုးသာ ရရှိသေးတာပါ။
ကစားထားတဲ့ ၆၅၉ မိနစ်မှာ သွင်းဂိုးတစ်ဂိုးမှ မရရှိသေးသလို ဂိုးဖန်တီးမှုလည်း မရှိသေးတဲ့ ဖိလစ်နဲ့ ပတ်သက်ပြီး ဆိုင်မွန်က - “ ကစားသမာားတိုင်း မတူညီတဲ့ အချိန်တစ်ခုစီ ရဖို့ လိုပါတယ်။ ဖိလစ်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး သံသယမရှိပဲ စိတ်ခံစားမှုအပေါ်မူတည်နေလို့ စိတ်ရှည်ရှည်နဲ့ စောင့်ဖိုလိုတယ်။”သတင်းထောက်ကို ပြန်ဖြေခဲ့ပါ တယ်။
လက်ရှိမှာတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် အနိုင်မယူထားနိုင်တဲ့ ဘာစီလိုနာနဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ် အဖြစ်ကစားဖို့ ရှိနေချိန် အဓိက ကစားသမား ခြေစွမ်းမပြနိုင်သေးတဲ့ အချိန်နဲ့ ရင်ဆိုင်နေရတာပါ။
ဒါပေမယ့်လည်း အခုပွဲက လိဂ်ပွဲနဲ့ မတူပဲ ရလဒ်တစ်ခုကပဲ အသင်းရဲ့ အောင်မြင်ခြင်း မအောင်မြင်ခြင်းကို ဆုံးဖြတ်ပေးနိုင်တာဖြစ်တယ်လို့လည်း ဆိုင်မွန်က သုံးသပ်ခဲ့ပါသေးတယ်။ယူရို ၁၂၆ သန်းနဲ့ ခေါ်ယူထားတဲ့ ကစားသမားဆီက လိဂ် ၁၅ ပွဲမှာ ၂ ဂိုးသာရရှိထားချိန် ဘာစီလိုနာနဲ့ ဆီမီးဖိုင်နယ် ကစားရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
တန်ဖိုးကြီး ပေးခေါ်ထားရတဲ့ တိုက်စစ်မှူး ဖိလစ်တစ်ယောက် ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခြင်းမရှိတာနဲ့ ပတ်သက်ပြီး နည်းပြ ဆိုင်မွန်တစ်ယောက် စိတ်ညစ်နေရတယ်လို့ AS သတင်းဌာနက ဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ယူရို ၁၂၆ သန်းနဲ့ ဘင်ဖီကာအသင်းထံကနေ ခေါ်ယူထားတဲ့ ပေါ်တူဂီ လက်ရွေးစင်အနေ နဲ့ ဒီနှစ်ဘောလုံးရာသီမှာ အသင်းနဲ့အတူ လိဂ် ၁၅ ပွဲကစားပြီး ၂ဂိုးသာ ရရှိသေးတာပါ။
ကစားထားတဲ့ ၆၅၉ မိနစ်မှာ သွင်းဂိုးတစ်ဂိုးမှ မရရှိသေးသလို ဂိုးဖန်တီးမှုလည်း မရှိသေးတဲ့ ဖိလစ်နဲ့ ပတ်သက်ပြီး ဆိုင်မွန်က - “ ကစားသမာားတိုင်း မတူညီတဲ့ အချိန်တစ်ခုစီ ရဖို့ လိုပါတယ်။ ဖိလစ်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး သံသယမရှိပဲ စိတ်ခံစားမှုအပေါ်မူတည်နေလို့ စိတ်ရှည်ရှည်နဲ့ စောင့်ဖိုလိုတယ်။”သတင်းထောက်ကို ပြန်ဖြေခဲ့ပါ တယ်။
လက်ရှိမှာတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် အနိုင်မယူထားနိုင်တဲ့ ဘာစီလိုနာနဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ် အဖြစ်ကစားဖို့ ရှိနေချိန် အဓိက ကစားသမား ခြေစွမ်းမပြနိုင်သေးတဲ့ အချိန်နဲ့ ရင်ဆိုင်နေရတာပါ။
ဒါပေမယ့်လည်း အခုပွဲက လိဂ်ပွဲနဲ့ မတူပဲ ရလဒ်တစ်ခုကပဲ အသင်းရဲ့ အောင်မြင်ခြင်း မအောင်မြင်ခြင်းကို ဆုံးဖြတ်ပေးနိုင်တာဖြစ်တယ်လို့လည်း ဆိုင်မွန်က သုံးသပ်ခဲ့ပါသေးတယ်။
Share