လူကျွံဂိုးကို ခွင့်ပြုပေးခဲ့တဲ့ ကွင်းလယ်ဒိုင် ကီဗင်ဖရန့်ကို အပြစ်တင်ပြောဆိုခဲ့တာပါ။

မာနေးရဲ့သွင်းဂိုးက လူကျွံဘောကနေရခဲ့တယ်ဆိုတာ ကွင်းထဲမှာ သူသိနိုင်ဖို့ သဲလွန်စတစ်ခုတောင် မရှိခဲ့တဲ့ အနေအထားပါလို့ ကလော့ပ်က ဆိုလိုက်တာ ဖြစ်ပါတယ်။

Photo - Fp-news

ဝက်စ်ဟမ်းအသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ လီဗာပူးအသင်းရရှိခဲ့တဲ့ အဖွင့်ဂိုးဟာ လူကျွံအနေအထားကနေ ရရှိခဲ့တယ်ဆိုတာ ကွင်းလယ်ဒိုင်အနေနဲ့ ကောင်းကောင်းသိလျက်နဲ့ ခွင့်ပြုပေးခဲ့တဲ့အပေါ် လီဗာပူးနည်းပြ ကလော့ပ်ကိုယ်တိုင်က ဝေဖန်ခဲ့ပါတယ်။

“ကျွန်တော့်အသင်းရဲ့ ဂိုးက လူကျွံဂိုးဆိုတာ ကျွန်တော်သိပါတယ်၊ အဲ့ဒီလိုပဲ ကွင်းလယ်ဒိုင် ကီဗင်ဖရန့်လည်း ကောင်းကောင်းသိမယ်လို့ ထင်ပါတယ်။” လို့ ကလော့ပ်က BBC SPORT ကို ပြောခဲ့ပါတယ်။

၅၀-၅၀ အနေအထားမှာ ပြိုင်ဖက်အသင်းကို သေချာပေါက် ပြစ်ဒဏ်ဘော ကန်ခွင့်ပေးရမှာဖြစ်ပြီး လူသားတစ်ယောက်အနေနဲ့ အမှားတစ်ခုလုပ်မိပြီဆိုရင် နောက်ထပ်အမှားတွေ ထပ်မလုပ်မိတော့အောင် ကြိုးစားမှာပါပဲ” လို့လည်း ကလော့ပ်က ထောက်ပြခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း - “ ကွင်းလယ်ဒိုင်က လူသားတစ်ယောက်ဆိုတာ ကျွန်တော်နားလည်ပါတယ်၊ ဒါပေမယ့် ကွင်းထဲမှာ ကျွန်တော့်ဂိုးကို လူကျွံဘောကနေ ရခဲ့တယ်ဆိုတာ ကျွန်တော်သိနိုင်ဖို့ သဲလွန်စတစ်ခုတောင်မတွေ့ခဲ့ပါဘူး။” လို့ ကလော့ပ်က ပြောခဲ့ပါတယ်။

ကလော့ပ်အနေနဲ့ အခုလို ကွင်းလယ်ဒိုင်ရဲ့ စွမ်းဆောင်ရည်အပေါ် အပြစ်တင်ဝေဖန်တဲ့ စကားလုံးတွေ သုံးနှုန်းခဲ့တာနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းချက်ပေးဖို့ အက်ဖ်အေက သတိပေးစာ ပေးပို့ခဲ့ကာ ဖြေရှင်းချက်အပေါ် မူတည်ပြီး ပြစ်ဒဏ်ကိုဆက်လက် ဆောင်ရွက်မယ်လို့လည်း BBC SPORT က ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က