Samsung ဟာ Discovery ချန်နယ်နဲ့ ပူးပေါင်းပြီး Galaxy S21 Ultra ဖုန်းသုံးပြီး ကျားတွေရဲ့ နေထိုင်ကျက်စားမှုသဘာဝကို မှတ်တမ်းတင်ရုပ်သံတိုတစ်ခု ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။
Eye To Eye With a Tiger လို့ နာမည်ပေးထားတဲ့ ဒီအစီအစဉ်ဟာ သစ်တောပြုန်းတီးမှု ၊ တိရစ္ဆာန်ပစ္စည်းအစိတ်အပိုင်း တရားမဝင် မှောင်ခိုကိစ္စတွေနဲ့ ကျားတွေရဲ့ သားကောင်တွေကို အလွန်အကျွံအမဲလိုက်မှုတွေကို လူတွေ သတိထားမိလာဖို့ ရည်ရွယ်တာပါ။ ဒီပရောဂျက်ကနေ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရံပုံငွေအဖွဲ့ WWF နဲ့ Discovery တို့ လုပ်ဆောင်နေတဲ့ ကျားများ ထိန်းသိမ်းရေးဧက C.A.T ပရောဂျက်ကိုလည်း အထောက်အပံ့ပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာ ဒီပရောဂျက်ဟာ အိန္ဒိယ ၊ ဘူတန်နဲ့ ရုရှား တလွှားက ကျားများအတွက် ဘေးမဲ့နေရာ ဧက ၆ သန်းအထိ ဖော်ဆောင်ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Eye To Eye With A Tiger အစီအစဉ်ဟာ Samsung ထုတ် Galaxy S21 Ultra ကို သုံးပြီး မှတ်တမ်းတင်ရုပ်သံတို ရိုက်ကူးသွားမှာပါ။
ဒီအစီအစဉ်အတွက် တောရိုင်းတိရစ္ဆာန်ဓါတ်ပုံ ရိုက်ကူးသူ ယာရှားစ် နာရာယန်းက ဆုရ ဒါရိုက်တာ ဗစ်ခရမ် ဆင်းဓ်နဲ့ တွဲပြီး Ranthambore အမျိုးသားဥယျာဉ်ထဲက ရှားပါးတိရစ္ဆာန်တွေကို မှတ်တမ်းတင်ရုပ်သံဗွီဒီယိုတွေ ရိုက်ကူးနေပါတယ်။ မိချောင်းလိုသတ္တဝါမျိုးအတွက် 10x Tele Lens သုံးပြီး ရိုက်တာ ၊ Pro Mode နဲ့ 8K Video မျိုး ရိုက်တာတွေ လုပ်ဆောင်နေပါတယ်။