• Garnier နဲ့အတူ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေဖို့ ခြေလှမ်းတစ်လှမ်းစတင်ခြင်း

Green Beauty အစီအစဉ်အရ ရေရှည်တည်တံ့သော အလှတရားရရှိဖို့ အကောင်အထည်ဖော်ခဲ့တာပါ။

တစ်ခါသုံးပလတ်စတစ်ကြောင့်ဖြစ်လာတဲ့ စွန့်ပစ်အမှိုက်တွေက သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးကွဲတွေပေါ် သက်ရောက်မှု ရှိတာကို လူတွေ တဖြေးဖြေးနဲ့ သိလာကြပါပြီ။ ဆွေးမြေ့ပျက်စီးဖို့ခက်တဲ့ တစ်ခါသုံးပလတ်စတစ်တွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းရုံမကဘဲ ရေနေ၊ ကုန်းနေသတ္တဝါအများစုရဲ့ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်နေပါတယ်။ ဒါ့ကြောင့်ပဲ တစ်ခါသုံးပလတ်စတစ်အသုံးပြုမှုကို လျှော့ချလာရုံမက တစ်ခါသုံးပလတ်စတစ်အစားထိုး ရေရှည်တည်တံ့တဲ့ ရွေးချယ်မှုကို ပြုလုပ်ဖို့ကို ပိုမိုအလေးပေးပြုလုပ်လာတာကို တွေ့ရပါတယ်။ တစ်ခါသုံးပလတ်စတစ်လျော့ချပြီး ရေရှည်တည်တံ့မှုကို ရှေးရှုတဲ့ ထုတ်ပိုးမှုတွေကို လုပ်ဆောင်လာတဲ့ ထိပ်တန်းကုမ္ပဏီ တွေထဲမှာ ကမ္ဘာ့ထိပ်တန်း သဘာဝအလှကုန်အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Garnier ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။


image


သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု နည်းပြီး လူတိုင်းလက်လှမ်းမီ နိုင်တဲ့ ရေရှည်တည်တံ့သော အလှတရားဆီ အရောက်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်ချမှတ်ပြီး “Green Beauty” ဆိုတဲ့ အစီအစဉ်ကို Garnier က ၂၀၁၇ ကစတင်အကောင်အထည် ဖော်လုပ်ဆောင်ခဲ့ပါတယ်။ Green Beauty အစီအစဉ်အရ ရေရှည်တည်တံ့သော အလှတရားရရှိဖို့ အကောင်အထည်ဖော်တဲ့အခါမှာ Garnier က အောက်ပါအဆင့် ၅ ဆင့်နဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

 

  • အလှကုန်ပစ္စည်းထုတ်လုပ်ဖို့ လိုအပ်တဲ့ကုန်ကြမ်းတွေကို မူလရင်းမြစ်ကနေရယူခြင်း 
  • သဘာဝပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်ပြီး ညစ်ညမ်းမှုလျော့ချနိုင်စေမယ့် နည်းပညာ formula အသုံးပြုခြင်း
  • ပြန်လည်အသုံးပြုနိုင်တဲ့ ကုန်ကြမ်းအသုံးပြုထားတဲ့ထုတ်ပိုးမှု ဒါမှမဟုတ် ပြန်လည်အသုံးပြုလို့ရတဲ့ထုတ်ပိုးမှုကို အသုံးပြုခြင်း
  • ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုခြင်း  
  • တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုမပြုလုပ်ခြင်း

 

ဒီ Green Beauty အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ Garnier ဟာ နိုင်ငံတကာမှာ လုပ်ဆောင်မှုတွေကို ပြုလုပ်နေခဲ့တာပါ။ အရှေ့တောင်အာရှက တချို့လုပ်ဆောင်ချက်တွေကို ဥပမာအနေနဲ့ဖော်ပြရရင် အင်ဒိုနီးရှားနိုင်ငံမှာ Carbonethics နဲ့ပူးပေါင်းပြီး ဒီရေတောပြန်စိုက်တာလုပ်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာဆိုရင်လည်း Sianbags နဲ့ပူးပေါင်းပြီး သဘာဝနဲ့ပိုမိုသဟဇာတဖြစ်စေမယ့် ပီလောပီနံရဲ့ကစီဓါတ်ကိုအသုံးပြုထုတ်လုပ်ထားတဲ့ ထုတ်ပိုးမှုကိုလည်း မိတ်ဆက်ခဲ့တာကို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် တစ်ခါသုံးပလတ်စတစ်လျော့ချရေး၊ ရေရှည်တည်တံ့တဲ့ အခြားထုတ်ပိုးမှု ရွေးချယ်စရာတွေနဲ့ ပတ်သက်ပြီးလည်း ပညာပေးအစီအစဉ်တွေကို ယိုးဒယား၊ အိန္ဒိယနဲ့ အခြားနိုင်ငံတွေမှာလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။


 



ဒီနှစ်မှာတော့ Garnier Myanmar မှ City Mart ၊ Ocean ၊ Marketplace၊ Prevent Plastics Myanmar တို့နဲ့ ပူးပေါင်းပြီး “ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေဖို့ ခြေတစ်လှမ်းမှစကြစို့” ဆိုတဲ့ ကမ်ပိန်းလေးကို စက်တင်ဘာလကနေ ဒီဇင်ဘာလကုန်အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီအစီအစဉ် အစိတ်အပိုင်းတစ်ခုအနေနဲ့ City Mart/ Ocean/ Marketplace မည်သည့်ဆိုင်ခွဲတွေမှာမဆို Garnier ပစ္စည်း ၁၅,၀၀၀ ကျပ် ဖိုးဝယ်ယူတိုင်းမှာ သစ်ပင်တစ်ပင် စိုက်ပျိုးပေးသွားမှာဖြစ်ပါတယ်။ သစ်ပင်စိုက်ပေးမဲ့အစီအစဉ်ကို Prevent Plastics Myanmar မှတာဝန်ယူပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှာ စိုက်ပျိုးပေးသွားမှာပါ။


ဒါ့အပြင် City Rewards Points များဖြင့် Garnier အမှတ်တံဆိပ် recycled ထုတ်ကုန်များ ပြန်လည်ရရှိနိုင်ခြင်း၊ သုံးပြီးသား Garnier ပလတ်စတစ်ဘူးခွံဟောင်းနှင့် ပလတ်စတစ်အိတ်ခွံဟောင်းများကို ပြန်လည်ပေးအပ်ပြီး အပင်များကို လက်ဆောင်အနေဖြင့်ရယူနိုင်တဲ့ အစီအစဥ်များလည်းပါဝင်မှာဖြစ်ပါတယ်။ အစီအစဥ်မှာ Prevent Plastics Myanmar ကနေ ဦးဆောင်ကာ သုံးပြီးသား Garnier ပလတ်စတစ်ဘူးခွံဟောင်းနဲ့ ပလတ်စတစ်အိတ်ခွံဟောင်းတွေကို ပြန်လည်အသုံးပြုနိုင်စေဖို့အတွက်လည်း Recycle ပြုလုပ်မှုကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ 







 

သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနည်းပြီး လူတိုင်းလက်လှမ်းမီနိုင်တဲ့ ရေရှည်တည်တံ့သော အလှကုန်ပစ္စည်းတွေထုတ်လုပ်နေတဲ့ Garnier နဲ့အတူ တစ်ခါသုံးပလတ်စတစ်ကြောင့်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျော့ချပြီး ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေအောင် ခြေတစ်လှမ်း လှမ်းနိုင်ဖို့ အသိပေးလိုက်ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က