ဒီနှစ်မှာတော့ ဂျူဗင်တပ်က ချန်ပီယံလိဂ်ကစားနေပြီး ယူနိုက်တက်က ယူရိုပါလိဂ် ကစားနေပါတယ်။

ဆဲလ်ဘတ်အသင်းက အသက် ၁၉ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးဟာလန်းကို ဘယ်သူက ဘယ်သူ့ထက် ဦးအောင်ခေါ်ယူနိုင်မလဲဆိုတာ လာမယ့်ဇန်နဝါရီဈေးကွက်မှာ ရင်ခုန်စွာ စောင့်မျှော်ကြည့်ရပေဦးမယ်။

ရက်ဘူးလ်ဆဲလ်ဘတ်အသင်းက အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူး ဟာလန်းအတွက်ယူနိုက်တက်အနေနဲ့ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ Mirror သတင်းဌာနက ဖော်ပြလာပါ တယ်။



ဆဲလ်ဘတ်က ဂျန့်ခ်ကို ၆-၂ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ အာလင်းဘရုတ်ဟာလန်းကို ယူနိုက်တက်နဲ့ဂျူဗင်တပ် နှစ်သင်းစလုံးက ခေါ်ယူနိုင်ရေး စိတ်ဝင်စားနေတာပါ။

နော်ဝေး တိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်က မြင့်မားစွာရှိနေတာကိုတော့ ပြီးခဲ့တဲ့ ယူ-၂၀ကမ္ဘာ့ဖလား ပွဲမှာ ဟွန်ဒူးရပ်စ်အ သင်းဖက်ကို တစ်ဦးတည်း ၉ ဂိုးသွင်းယူပြနိုင်ခဲ့တာက သက်သေပြနေပါတယ်။

ဒါ့အပြင် ဟာလန်းအနေနဲ့  ဒီနှစ် ဘောလုံးရာသီမှာတော့ ၈ ပွဲကစားပြီး ၁၄ ဂိုးထိသွင်းယူပေးထားနိုင်ပြီလည်း ဖြစ်ပါတယ်။

လိဒ်နဲ့မန်စီးတီးကစားသမားဟောင်းရဲ့ သားဖြစ်သူဟာလန်းအနေနဲ့ ယူနိုက်တက်မှာသွားကစားမယ်ဆို ရင် လည်းပြဿနာ မရှိဘူးလို့ ဖခင်ဖြစ်သူက ပြောထားပါတယ်။



“ တကယ်ကျေနပ်စရာ ဖြစ်မှာပါ၊ အားပေးမှုနဲ့အလုပ်ကြားမှု တကယ်ခွဲခြားသိမြင်နိုင်ဖို့တော့ လိုပါမယ်။ ကစား သမားအများစုက လူစိတ်ဝင်စားမှု ပိုများတဲ့ ပရီးမီးယားလိဂ်ကိုဘဝမှာ တစ်ကြိမ်တော့ သွားချင်ကြပါတယ်။ ဒါကြောင့် သူ့ကိုလည်း ပရီးမီးယားလိဂ်က စွဲဆောင်မှာ ငြင်းစရာမရှိပါဘူး။” လို့ ဟာလန်းရဲ့ ဖခင်က TV2 သတင်းဌာနကိုပြောသွားပါတယ်။

လက်ရှိ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ နော်ဝေလ် ကစားသမားတစ်ဦးဖြစ်ပြီး ယခင်က မိုလ်ဒီအသင်းကို တာဝန်ယူစဉ် ဟာလန်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

“ နော်ဝေးက လူတွေအကုန်လုံး စိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ်၊သူကစားတာ ကြည့်ရတာ အရမ်းကို နှစ်လိုဖွယ်ကောင်းပါတယ်။” လို့ ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ဟာလန်းအတွက် ဂျူဗင်တပ်ကလည်း စတင်ချိတ်ဆက်နေပြီ ဖြစ်ပြီး နော်ဝေလူမျိုး နည်းပြ ဆိုးလ်ရှားကလည်း စိတ်ဝင်စားနေတာကြောင့် လာမယ့်ဇန်နဝါရီဈေးကွက်မှာ ဟာလန်းကို ဘယ်အသင်းက ခေါ်ယူနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေတာပါ။

Share

Loading Next Article...
က္က