ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ဇူကစ်အတွက် ဂျူဗင်တပ်အသင်းက တောင်းဆိုခဲ့တဲ့ ဈေးနှုန်းထက် လျော့နည်းတဲ့ပမာဏနဲ့ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ခရိုအေးရှားလက်ရွေးစင်ကြယ်ပွင့် မန်ဇူကစ်ကို ပေါင် ၁၄ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် နည်းပြအိုလီဂန်းနားဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ကို ရပ်တန့်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ နည်းပြဆိုးလ်ရှားက လူကာကူရဲ့နေရာမှာ အစားထိုးခေါ်ယူနိုင်ခြင်းမရှိခဲ့တဲ့အတွက် လာမယ့်ဇန်နဝါရီလမှာ တိုက်စစ်ကို အင်အားဖြည့်တင်းလိုကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ပွဲထွက်ကစားသမားကို ရာသီဝက်မှာ ရောင်းချလိုခြင်းမရှိတာကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် ရွေးချယ်မှုဟာ အကန့်အသတ်ရှိလာလိမ့်မယ်လို့ သိရပါတယ်။

Goal ရဲ့သတင်းအရ မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသစ်ခေါ်ယူမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ဂျူဗင်တပ်အသင်းဟာ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မန်ဇူကစ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၉ သန်းထက် နည်းပါးတဲ့ပမာဏကို လက်ခံသွားဖို့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

မန်ဇူကစ်ဟာ ယခုရာသီမှာ ဂျူဗင်တပ်အသင်းအတွက် ပွဲစဉ်တိုင်း ပွဲထွက်ပါဝင်ကစားခွင့်မရရှိခဲ့သူဖြစ်ပြီး နည်းပြဆာရီက မန်ဇူကစ်ကို ချန်ပီယံလိဂ်ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်မှူးတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ မာရှယ်တို့ ဒဏ်ရာရရှိနေတာကြောင့် တိုက်စစ်မှာ မေဆင်ဂရင်းဝုဒ်တစ်ဦးတည်းကိုသာ ရွေးချယ်စရာရှိနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က