စပိန်ကလပ်ဂျီရိုနာအနေနဲ့ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီက လာလီဂါမှာကစားခွင့်ရရှိခဲ့သော်လည်း ရာသီ ကုန်မှာ အဆင့် ၁၈တွင်သာရပ်တည်နိုင်ခဲ့လို့ လက်ရှိမှာ ဒုတိယတန်း ဆီဂန် ဒါမှာ ကစားနေရတဲ့အသင်းပါ။
မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာဟာ မွေးရပ်မြေကာတာလန်ဒေသ ရဲ့ အသင်းတစ်သင်းဖြစ်တဲ့ ဂျီရို နာအသင်းရဲ့ ကမ်းလှမ်းမှုကိုလက်ခံခဲ့ပြီးအမာခံပရိသတ်တစ်ဦးအဖြစ် အားပေးဖို့အတွက် သဘောတူ ခဲ့ပြီဖြစ်တယ်လို့ Marca.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဂျီရိုနာအသင်းအနေနဲ့ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ စပိန်လာလီဂါအဆင့်အထိတက်ရောက်နိုင်ခဲ့သော် လည်းရလဒ်ပိုင်းဆိုးရွားခဲ့တဲ့အတွက် ရာသီကုန်မှာ တန်းဆင်းခဲ့ရပြီး လက်ရှိမှာ စပိန်ဘောလုံးလောက ရဲ့ ဒုတိယအမြင့်ဆုံးဖြစ်တဲ့ ဆီဂန်ဒါမှာ ကစားနေရတဲ့အသင်းလည်းဖြစ်ပါတယ်။
“ ဂျီရိုနာအသင်းရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်လာခဲ့ပါပြီ။ အဓိက,ကတော့ အသင်းရဲ့ရှယ်ယာအချို့ကို ပိုင်ဆိုင်ထားတဲ့ အကိုဖြစ်သူရဲ့ကမ်းလှမ်းမှုကြောင့်ပါ။ မန်ချက်စတာမြို့မှာရှိနေမှာဖြစ်ပေမယ့် ဂျီရိုနာ အသင်းရဲ့ ရလဒ်တွေကို အမြဲစောင့်ကြည့်ဖြစ်နေမှာပါ” လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ဆိုပါတယ်။
လက်ရှိမှာ ဂျီရိုနာအသင်းရဲ့ရှယ်ယာအများစုကို ဂွါဒီယိုလာရဲ့ ညီအကိုတော်စပ်သူ ပီရီကပိုင်ဆိုင်ထား တာဖြစ်ပြီး အခြားရှယ်ယာရာခိုင်နှုန်းတော်တော်များများကိုလည်း မန်စီးတီးအသင်းပိုင်ရှင်ရှိတ်မန်ဆာ တည်ထောင်ထားတဲ့ City Football Group Limited က ပိုင်ဆိုင်ထားတာပါ။
သတင်းဖော်ပြမှုအချို့အရ နည်းပြဂွါဒီယိုလာအနေနဲ့ ဂျီရိုနာရဲ့အသင်းပရိသတ်အဖြစ်သာ သတ်မှတ်ခဲ့ သော်လည်း အသင်းပိုင်ဆိုင်မှုတွင် မန်စီး
တီးအသင်းပိုင်ရှင်ပါဝင်နေတဲ့အတွက် နောက်ပိုင်းတွင် နည်း စနစ်ဗျူဟာပိုင်းများ အကြံပေးဖွယ်ရှိနေတယ်လို့လည်း သုံးသပ်မှုအချို့ရှိနေခဲ့ပါတယ်။