report system တစ်ခုလည်း ထည့်သွင်းသွားမယ်လို့ဆိုပါတယ်။

MOBA ဂိမ်းအဖြစ် စတင် မိတ်ဆက်ပြီး တစ်လထဲနဲ့ဂိမ်းကစားသူ သန်း ၅၀ ကျော် ရှိလာတဲ့ Apex Legends ဟာ ဂိမ်းထဲမှာ cheat လုပ်တဲ့ ပလေယာတွေကို စတင်အရေးယူနေပြီ ဖြစ်ပါတယ်။

Photo: Samma3a

         Apex Legends ကို ထုတ်တဲ့ Respawn Entertainment ဟာ ဒီဂိမ်း စထုတ်ပြီး ပထမ ၂ ပတ်အတွင်း ဂိမ်းစည်းမျဉ်းကို ချိုးဖောက်ကာ level တက်အောင် လုပ်ခဲ့တဲ့ ပလေယာပေါင်း ၁ သောင်း ၆ ထောင်ကျော်ကို ban ခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၉ ဖေဖော်ဝါရီလဆန်းပိုင်းက ဖြန့်ချိခဲ့တဲ့ Apex Legends မှာ cheater ပေါင်း ၃၅၅၀၀၀ ကျော်ကို ပိတ်လိုက်ပြီလို့Reddit မှာ တင်ထားပါတယ်။

         Respawn Entertainment ဟာ Easy Anti-Cheat လို့ခေါ်တဲ့ ဂိမ်းထဲမှာ လိမ်ညာတာတွေ လုပ်လို့မရစေမယ့်စေမယ့် report feature တစ်ခု ထပ်ထည့်သွားဖို့လည်း ရှိပါတယ်။ တစ်ဆက်တည်းမှာပဲ cheater တွေကို တိုက်ဖျက်ဖို့ဆက်တိုက်လုပ်ဆောင်နေပြီး ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နိုးနိုးကြားကြား ရှိတယ်လို့လည်း ဆိုပါတယ်။

         "ပလေယာအားလုံးအတွက် Apex Legends ဂိမ်းမှာ စည်းကမ်းကျနမှု ရှိအောင် အထူး ဂရုစိုက်မှာ ဖြစ်ပြီး ဂိမ်းအတါင်း လိမ်လည်မှုကိုလည်း အလေးအနက်ထားပြီး အရေးယူသွားမှာပါ" လို့Respawn ရဲ့ Reddit ဖိုရမ်မှာ ရေးထားပါတယ်။ cheat app ကို ဒေါင်းဖို့လွယ်တာကြောင့် Windows PC ဗားရှင်းမှာApex Legends မှာ cheat လုပ်တာ အဖြစ်များတယ်လို့ဆိုပါတယ်။          

         PS4 ၊ Xbox One နဲ့PC ဗားရှင်းအနေနဲ့ပဲ ထွက်ထားသေးတဲ့ ဂိမ်းဖြစ်တဲ့ Apex Legends ဟာ ဈေးကွက်ထဲ ဖြန့်ပြီး ၃ ရက်အတွင်း players ပေါင်း ၁၀ သန်းကျော် ရထားတာပါ။ အွန်လိုင်း MOBA လို့ခေါ်တဲ့ လူအများနဲ့တိုက်ရတဲ့ ဂိမ်းမျိုး ဖြစ်ပြီး PUBG နဲ့Fortnite တို့နဲ့ဂိမ်းအသွားအလာချင်း တူပါတယ်။

         Apex Legends ဟာ squad တစ်ဖွဲ့မှာ ပလေယာ ၃ ဦးပါပြီး ကိုယ့် class နဲ့ကိုယ် pick လုပ်ရွေးရတာပါ။ ဒီဂိမ်းဟာ လက်ရှိအချိန်အထိ မိုဘိုင်းဗားရှင်း မထွက်သေးပါဘူး။

         

      

Share

Loading Next Article...
က္က