စပါးအသင်းအနေနဲ့ ဦးဆောင်ဂိုး ၂ဂိုးအထိရရှိခဲ့ပေမယ့် ခံစစ်ပိုင်းလိုအပ်ချက်တွေကြောင့် ချေပဂိုးတွေပြန်လည် ခွင့်ပြုခဲ့ရပြီး သရေရလဒ်နဲ့သာကျေနပ်ခဲ့ရတာပါ။
ပွဲစဉ် ၃မှာ ရှုံးပွဲကိုယ်စီတွေ့ထားတဲ့ အသင်းတွေဖြစ်လို့အတောင့်တင်းဆုံးလူစာရင်းတွေနဲ့အတူ ပွဲထွက်လာခဲ့ပါ တယ်။ အာဆင်နယ်အသင်းအနေနဲ့ လာကာဇက်၊ အူဘာမီယန်၊ ပီပီ၊ ရှာခါအတွဲနဲ့ပွဲထွက်လာခဲ့သလို စပါးအသ င်းကလည်း ၄-၂-၃-၁ အခြေခံအသုံးပြုခဲ့ပြီး အဲရစ်ဆင်ပွဲထွက်တဲ့အပြင် ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ ဟယ်ရီဝင့် ခ်တို့နဲ့အတူ လူစုံခဲ့ပါတယ်။
ပွဲစစချင်းမှာတင် စပါးအသင်းရဲ့ အထနှေးမှုကို အာဆင်နယ်တို့အခွင့်ကောင်းယူပြီးလျင်မြန်တဲ့တောင်ပံတိုက်စ စ်တွေကနေတဆင့်ထိုးဖောက်ခဲ့ပါတယ်။ အထူးသဖြင့် အာဆင်နယ်တောင်ပံကစားသမားပီပီရဲ့ ကစားပုံကောင်း ကြောင့် စပါးနောက်ခံလူဒန်နီရို့စ် ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရပြီး ဂိုးပေးရလုနီးပါးအခြေအနေအချို့အထိရင်ဆိုင်ခဲ့ ရပါတယ်။
ဒါပေမဲ့ တိုက်စစ်ကိုအလွန်အကျွံလိုက်ပါနေတဲ့ အာဆင်နယ်ကွင်းလယ်ရဲ့လိုအပ်ချက်ကြောင့် စပါးတို့ပွဲချိန် ၁၀ မှာတင် ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။
ဆွန်ဟောင်မင်+လာမယ်လာတိုက်စစ်ဆင်မှုကို အာဆင်နယ်ဂိုးသမားလီ နိုကာကွယ်ခဲ့ပေမယ့် မသေသပ်ခဲ့လို့ အဲရစ်ဆင်က ဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခဲ့တဲ့အတွက် စပါးတို့ဦးဆောင်ခွင့် ရရှိခဲ့တာပါ။ဂိုးပေးလိုက်ရပြီးနောက် အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှုပိုင်အသာရဖို့နဲ့ ကစားကွက်ပိုင်း ဦးဆောင်နိုင်ဖို့ အား စိုက်လာပေမယ့် ဟယ်ရီဝင့်ခ်၊ ဆစ်ဆိုကိုတို့ကြောင့် ကွင်းလယ်မှာပဲအပျက်များနေခဲ့ပါတယ်။ အထူးသဖြင့် အာ ဆင်နယ်ကွင်းလယ်လူ တော်ရီယာအပေါ် ကြံ့ခိုင်မှုအသားပေးရင်ဆိုင်ခဲ့တဲ့ စပါးကွင်းလယ်အစုအဖွဲ့ကြောင့်အာ ဆင်နယ်တို့ ရုန်းကန်ခဲ့ရတာလည်းဖြစ်ပါတယ်။
နောက်ပိုင်းပွဲချိန်တွေမှာ စပါးက ပွဲကိုပြန်ပြီးဦးဆောင်ကစားနိုင်ခဲ့သလို ပွဲချိန် ၄၀မိနစ်ဒုတိယမြောက်ဦးဆောင်ဂိုး ထပ်ရခဲ့ပါတယ်။ ဆွန်ဟောင်မင်ကို ကစားပုံကြမ်းခဲ့တဲ့ အာဆင်နယ်နောက်တန်းကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ဟာရီကိန်းကဂိုးအဖြစ်ပြောင်းလဲခဲ့တာပါ။ဒါပေမဲ့၅မိနစ်အကြာမှာတင်စပါးနောက်တန်းရဲ့ပေါ့လျော့မှုကိုအခွင့် ကောင်းယူပြီး အာဆင်နယ်တိုက်စစ်မှူးလာကာဇက်က တစ်ကိုယ်တော်အစွမ်းနဲ့ ချေပဂိုးတစ်ဂိုးပြန်ရယူပေးခဲ့ပါ တယ်။
ဒုတိယပိုင်းမှာလည်း အာဆင်နယ်ကပဲ ပွဲကိုအဓိကဦးဆောင်ခဲ့ပြီး စပါးတို့ခံစစ်မှာပဲ အလုပ်ရှုပ်နေခဲ့ပါတယ်။ ဆွန် ဟောင်မင်၊ လာမယ်လာတို့အခွင့်အရေးအချို့ရရှိခဲ့ပေမယ့် အာဆင်နယ်ဂိုးသမားလီနိုနဲ့နောက်တန်းကစားသမား တွေ အကောင်းဆုံးဖျက်ထုတ်နိုင်ခဲ့တဲ့အတွက်လည်း အာ ဆင်နယ်တို့ ဂိုးထပ်ရဖို့ ရုန်းကန်ခဲ့ရတာပါ။
ပွဲချိန်မိနစ် ၅၀နောက်ပိုင်းမှာတော့ အာဆင်နယ်တိုက်စစ်ပိုပြီး အလုပ်ဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။ ဂွမ်ဒိုဇီရဲ့ကန်ချက် ကို စပါးဂိုးသမားလိုရစ် အံအားသင့်ဖွယ်ကာကွယ်နိုင်ခဲ့ခြင်း၊ ကိုလာစီနက်ရဲ့ ကန်သွင်းချက်ဂိုးရလုနီးပါးဖြစ်ပြီးမှ လွဲချော်ခဲ့ခြင်းနဲ့ လာကာဇက်ရဲ့ အဝေးကန်ချက် ကပ်လွဲခဲ့ခြင်းတို့က စပါးအသင်းအတွက် သက်သာရာရစေခဲ့တ ယ်လို့လည်း ဆိုရမှာပါ။ချေပဂိုးလိုအပ်နေတဲ့ အာဆင်နယ်အနေနဲ့ ကစားအားအနည်းငယ်ကျလာတဲ့ တော်ရီယာ၊ လာကာဇက်တို့နေရာ မှာ ဆယ်ဘယ်လော့စ်၊ မစ်ခီတာရန်တို့ကို ထည့်သွင်းပြီး ကစားအားမြှင့်လာခဲ့တယ်။ စပါးအသင်းကတော့ ခံစစ် မှာပဲ အလုပ်ရှုပ်နေခဲ့ပြီး ရံဖန်ရံခါမှသာ တန်ပြန်တိုက်စစ်နဲ့ပြန်လည်တုံ့ပြန်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၇၁မိနစ်မှာတော့ နည်းပြယူနိုင်းအမ်မရီရဲ့ နည်းဗျူဟာအပြောင်းအလဲမှန်ကန်ခဲ့ပြီး အူဘာမီယန်က အရေး ပါတဲ့ ချေပဂိုးကို ဂွမ်ဒိုဇီရဲ့ ဖန်တီးပေးပို့မှုကနေ နားလည်မှုရှိရှိအလိုက်သင့်ပိတ်သွင်းခဲ့တဲ့အတွက် အာဆင်နယ် တို့ အဖိုးတန်ချေပဂိုးရရှိခဲ့ပါတယ်။ တရစပ်တိုက်စစ်မှုတွေပြုလုပ်နေတဲ့ အာဆင်နယ်တို့ ပွဲချိန် ၈၀မိနစ်မှာ ဂိုးရရှိ ခဲ့ပေမယ့် ဖန်တီးပေးခဲ့တဲ့ ကိုလာဆီနက် လူကျွံနေခဲ့လို့ VAR ဆုံးဖြတ်ချက်နဲ့ ဂိုးအဖြစ်မှ ပယ်ဖျက်ခြင်းခံခဲ့ရတဲ့အ တွက် စပါးတို့ သက်သာရာရခဲ့ပါတယ်။
နောက်ပိုင်းပွဲချိန်တွေမှာတော့ နှစ်သင်းလုံးဂိုးထပ်မပေးရဖို့အတွက် ဦးစားပေးကစားလာခဲ့ပါတယ်။ ဒါပေမဲ့ နှစ်သ င်းလုံးအခွင့်အရေးကိုယ်စီရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဂိုးမရရှိခဲ့ကြတာပါ။ ဟာရီကိန်း၊ အဲရစ်ဆင်တို့အခွင့်အ ရေးအချို့ရရှိခဲ့သလို အာဆင်နယ်တောင်ပံကစားသမားပီပီအနေနဲ့လည်း အခွင့်အရေး ၂ကြိမ်ဖြုန်းတီးခဲ့တဲ့အ တွက် ပွဲပြီးတဲ့အထိ ဂိုးသွင်းနိုင်ကြခြင်းမရှိခဲ့လို့ ၂-၂ သရေရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ်။