မိုဟာမက်ဆာလာ ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ယနေ့ညမှာ ဂျန့်ခ်အသင်းရဲ့အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို အလက်ဇန္ဒားအာနိုးလ်နဲ့ ဂျိုဝယ်မာတစ်တို့ လွဲချော်ရတဲ့အကြောင်းအရင်းကို ရှင်းပြခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ဂျန့်ခ်အသင်းကို ရင်ဆိုင်ဖို့အတွက် ဘယ်လ်ဂျီယံကို သွားရောက်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ကလော့ပ်ဟာ ဂျန့်ခ်အသင်းနဲ့ပွဲစဉ်မှာ အင်္ဂလန်လက်ရွေးစင်ညာနောက်ခံကစားသမား အလက်ဇန္ဒားအာနိုးလ်နဲ့ ဗဟိုခံစစ်ကစားသမား မာတစ်တို့ မပါဝင်ဘဲ ရင်ဆိုင်သွားရမယ်လို့ သိရပါတယ်။

“ထရန့်က နေမကောင်းဖြစ်နေပြီး ဂျိုဝယ်ကတော့ ကစားဖို့ အဆင်သင့်မဖြစ်သေးတာပါ”

“ဒါပါပဲ။ ကြီးမားတဲ့ဒဏ်ရာ ရရှိနေတာမဟုတ်ပါဘူး။ ဂျိုဝယ်အတွက် နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်ပြီး သူ ဂျန့်ခ်နဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး”



“ထရန့်ကတော့ တညလုံးဖျားနေတယ်။ သူ လျင်လျင်မြန်မြန် ပြန်လည်သက်သာလာမယ်လို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် မနက်ဖြန်အတွက်ကတော့ မျှော်လင့်ချက်မရှိပါဘူး”လို့ လီဗာပူးအသင်းဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့် အင်္ဂါနေ့မှာ လေ့ကျင့်ရေးအပြည့်ပြန်ဆင်းနိုင်ခဲ့တာကြောင့် ဂျန့်ခ်နဲ့ပွဲမှာ ပါဝင်ကစားပေးသွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က