Zero-Day Exploit ထပ် ကြုံတာပါ

သုံးစွဲသူ သန်း ၂၆၀၀ ကျော် ရှိတဲ့ Google Chrome သုံးစွဲသူတွေအတွက် အန္တရာယ်ကြီးတဲ့ အဆင့်မြင့်ဆိုက်ဘာတိုက်ခိုက်မှု သတိပေးချက်တစ်ရပ်ကို Google က ထုတ်ပြန်ထားပါတယ်။

           Google Chrome ဟာ CVE-2021-37973 တိုက်ခိုက်မှုနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုအကြောင်းကို အချိန်လွန်ပြီးမှ သိတာ ဖြစ်လို့ ဒါကို Zero-Day Exploit (ဖောက်ထွင်းခံရကြောင်း Google မသိခင် နဲ့ လုံခြုံရေး patch မထုတ်နိုင်ခင် ဝင်ရောက်မွှေနှောက်သွားခြင်း) လို့လည်း ခေါ်ပါတယ်။ အခုဆို ဒီတိုက်ခိုက်မှုဟာ Google Chrome သုံးသူ သန်း ၂၀၀၀ ကျော်ဆီ ရောက်သွားပြီလို့ ဆိုနိုင်ပါတယ်။




Photo: VOI

           မကြာသေးခင်ကပဲ Google Chrome ဟာ Zero-Day Exploit ဖောက်ထွင်းမှုနဲ့ ကြုံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက Google Chrome ကြုံခဲ့တဲ့ Zero-Day Exploit ကို CVE-2021-30563 လို့ ခေါ်ပါတယ်။ အခု CVE-2021-37973 သစ်ကတော့ သုံးစွဲသူတွေအကြား ပျံ့နှံနေဆဲ ဖြစ်တယ်လို့လည်း Google က သတိပေးထားပါတယ်။ ဒါဟာ ဒီနှစ်အတွက် Chrome ကြုံခဲ့ရတဲ့ ၁၁ ခုမြောက် Zero-Day Exploit ဆိုက်ဘာလုံခြုံရေးဖောက်ထွင်းခံရမှုလည်း ဖြစ်ပြီး Linux ၊ macOS နဲ့ Windows users တွေကို သက်ရောက်မှု ရှိမှာ ဖြစ်တယ်လို့ Forbes က ဖော်ပြထားပါတယ်။ 

           အရေးကြီးတဲ့ အချက်က အခုလို Google Chrome hack ခံရတဲ့ ကိစ္စကို အပြင်လူတွေ တွေ့တာ မဟုတ်ဘဲ Google ဝန်ထမ်းတွေ တွေ့ခဲ့တာလို့ဆိုပါတယ်။ Google ရဲ့ blog ကတော့ Chrome သုံးစွဲသူတွေအနေနဲ့ Google Chrome ကို အမြန်ဆုံး upgrade လုပ်ဖို့ တိုက်တွန်းထားပါတယ်။ Google ကလည်း လုံခြုံရေးခြိမ်းခြောက်ခံရမှု ရှိမရှိ သိအောင် လုပ်နိုင်မယ့်နည်း ကို ညွှန်းထားပါတယ်။

           ကိုယ့် Google Chrome browser ကာကွယ်မှု ရှိမရှိ သိအောင် စစ်ဖို့ဆိုရင် -

           Chrome Settings ထဲကနေ About Google Chrome ကို ဝင်ပါ။

           Google Chrome Version ကို စစ်ပါ။ ဗားရှင်း 94.0.4606.61 နဲ့ နောက်ပိုင်းထွက်တွေဆိုရင် Safe ဖြစ်ပါတယ်။

           တကယ်လို့ အဲ့ဒီဗားရှင်း ကိုယ့်မှာ မရှိသေးရင်တော့ ဗားရှင်း update ရတဲ့အထိ စောင့်ရမှာပါ။ ဒါမှမဟုတ်လည်း စက်ပိတ်ထားဖို့ လိုပါတယ်။


Google Chrome update တင်ပြီး Relaunch လုပ်ပါ (Photo: Forbes)


           Google Chrome ကို ဗားရှင်းသစ် upgrade မြှင့်ပြီးတာနဲ့ စက်ကို restart ချဖို့လည်း လိုပါတယ်။ Chrome ဟာ တစ်ကမ္ဘာလုံးမှာ လူပေါင်း သန်း ၂၆၅၀ ကျော် သုံးနေတဲ့ browser ကြီးတစ်ခု ဖြစ်ပြီး ဟက်ကာတွေရဲ့ ပစ်မှတ်ထားရာ စားကျက်ကြီးသဖွယ်လည်း ဖြစ်နေပါတယ်။

       


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က