Nokia ဖုန်းတွေ ခေတ်ကောင်းစဉ်က နာမည်ကြီးခဲ့တဲ့ Snake ဂိမ်းကို Google Maps မှာ ကစားနိုင်ပြီ ဖြစ်ပါတယ်။
April Fool's Day နေ့အထိမ်းအမှတ်အနေနဲ့ ၁၉၉၇ ခုနှစ်က Nokia 6110 မှာ စတင်မိတ်ဆက်ခဲ့တဲ့ Snake ဂိမ်းကို Google က တကျော့ပြန်ပြီး ပုံစံသစ်နဲ့မိတ်ဆက်လိုက်တာပါ။ ဒီဂိမ်းကို Google Maps ရဲ့ iOS နဲ့Android စနစ် နှစ်မျိုးစလုံးမှာ ကစားနိုင်ပြီး Search bar ရဲ့ ဘယ်ဘက်က option ထဲ ဝင်ကြည့်မယ်ဆိုရင် Play Snake ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။
Photo: 9to5google
Snake ဂိမ်းအက်ပလီကကေးရှင်း ထည့်ထားစရာ မလိုဘဲ Google Maps ပေါ်က Snake ဂိမ်းဟာ ဘတ်စ်တစ်စင်းလို ၊ ရထားတစ်စင်းလို ကစားရတာပါ။ ဥပမာ- တိုကျိုက ကျည်ဆန်ရထား ၊ ဆန်ဖရန်စစ္စကိုက ကေဘယ်လ်ကား လိုမျိုး public transport ယာဉ်တွေကနေ ခရီးသည်တွေရှိတဲ့ မြို့တွေထဲ ဝင်ပြီး ခရီးသည်တင်ရတာမျိုး ဖြစ်ပါတယ။်
မြို့အနေနဲ့ကိုင်ရို ၊ ဆော်ပေါ်လို ၊ လန်ဒန် ၊ ဆစ်ဒနီ ၊ ဆန်ဖရန်စစ္စကို ၊ တိုကျိုဆိုပြီး မြို့၆ မြို့ထည့်ပေးထားပြီး ဂိမ်းမှာပါတဲ့ World ဆိုတာကနေ မြေပုံပေါ်က ခရီးသည်အားလုံးကို လိုက်ပြီး တင်သွားရတာ ဖြစ်ပါတယ်။ Google Maps ပေါ်က Snake ကို ဒီတစ်ပတ်ထဲမှာ စတင်ကစားနိုင်ပြီ ဖြစ်တယ်လို့CNET သတင်းမှ Google ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ စကားကို ကိုးကားပြီး ဖော်ပြထားပါတယ်။