ဂျရူးရဲ့ ဂိုးသမားဂျာစီကို အသည်းအသန် အားပေးခဲ့ကြတာပါ။

အေစီမီလန်ဟာ တိုက်စစ်မှူး ဂျရူးရဲ့ နာမည်နဲ့ ကျောနံပါတ်ပါ ဂိုးသမားဂျာစီကို ထုတ်ရောင်းခဲ့ပြီး အဆိုပါဂျာစီတွေက ချက်ချင်းကို ရောင်းကုန်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဂျရူးဟာ ဂျီနိုအာကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ဂိုးဝင်ဖမ်းခဲ့တာပါ။



အဆိုပါပွဲမှာ အေစီမီလန်ဂိုးသမား မိုင်ဂ်နန်က ဒုတိယပိုင်းအချိန်ပိုမှာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် လူစားနိုင်တဲ့ ကစားသမားအရေအတွက်ကလည်း ပြည့်သွားခဲ့ပြီဖြစ်တာကြောင့် ဂျရူးကိုသာ ဂိုးသမားဂျာစီလဲပေးပြီး ဂိုးဖမ်းစေခဲ့ရတာပါ။
ဂျရူးဟာ ပြိုင်ဘက်ရဲ့ အပိုင်ထိုးဖောက်မှုတစ်ကြိမ်ကို စွန့်စားကာကွယ်ခဲ့ပြီး သူ ဒီလိုမျိုး ဂိုးဖမ်းခဲ့ရတဲ့အဖြစ်ကလည်း ပရိသတ်တွေအကြားမှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း အေစီမီလန်က ဒီအခွင့်အရေးကို အမိအရ အသုံးချပြီး အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဂျရူးကို ဂိုးသမားအဖြစ် စာရင်းတင်ကာ သူ့နာမည်နဲ့ ကျောနံပါတ် (၉) ပါ ဂိုးသမားဂျာစီကို ထုတ်ရောင်းခဲ့တာပါ။

မထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုဆိုပေမယ့် လက်မြန်လှတဲ့ ပရိသတ်တွေက ဂျရူးရဲ့ ဂိုးသမားဂျာစီကို အမိအရ ဝယ်ယူခဲ့ကြပြီး ပစ္စည်းပျက်သွားတဲ့အထိ အားပေးကြမ်းခဲ့ကြတာပါ။ ဒါ့အပြင် စီးရီးအေကလည်း ဒီတစ်ပတ်အတွက် အကောင်းဆုံးကစားသမား (၁၁)​ ယောက်စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဂျရူးကို ဂိုးသမားအဖြစ် ထည့်သွင်းပြီး ဒီတစ်ပတ်ရဲ့ အကောင်းဆုံး ဂိုးသမားအဖြစ် ဖော်ပြခဲ့ပါတယ်။

ဂျရူးဟာ အေစီမီလန်ရဲ့ အဓိကတိုက်စစ်မှူးလည်းဖြစ်ပြီး အသင်းအတွက် လိုအပ်လာချိန်မှာ အခုလိုမျိုး ဂိုးပါဝင်ဖမ်းပေးသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အေစီမီလန်ပရိသတ်တွေက သူတို့ရဲ့ အချစ်တော်တိုက်စစ်မှူးကြီးကို စွယ်စုံရ ကစားသမားတစ်ယောက်အဖြစ် ချီးမွမ်းခန်းဖွင့်နေကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က