• Featured

    ဂျပန် လက်လီအရောင်းဆိုင်တွေမှာ ပလတ်စတစ်အိတ်အတွက် ကျသင့်ငွေတောင်းခံမှု စတင်

ဆိုင်တွေက ဈေးဝယ်သူထံကနေ ပလပ်စတစ်အိတ်ဖိုး ကျသင့်ငွေပမာဏကို ဆုံးဖြတ်တောင်းခံနိုင်ပါတယ်။

ဂျပန်နိုင်ငံမှာ လက်လီအရောင်းဆိုင်တွေက ပလပ်စတစ်အိတ်များအတွက် ကျသင့်ငွေတောင်းခံမှုကို ဇူလိုင် ၁ ရက်နေ့က စတင်ကျင့်သုံးနေပြီး စားသုံးသူတွေရဲ့ ပလပ်စတစ်အိတ်ဖြင့် ထုတ်ပိုးမှုအလေ့အထကို လျှော့ချရန်ဖြစ်ကြောင်း သိရပါတယ်။

image

(Photo: Kyodo)

နေရာအနှံ့မှာ တွေ့ရလေ့ရှိတဲ့ ၂၄ နာရီ ဖွင့်လှစ်ရောင်းချတဲ့ စတိုးဆိုင်များ အပါအဝင် ဆိုင်တွေက ဈေးဝယ်သူထံကနေ ပလပ်စတစ်အိတ်ဖိုး ကျသင့်ငွေပမာဏကို ဆုံးဖြတ်တောင်းခံနိုင်မှာ ဖြစ်ပါတယ်။ သာမန်အားဖြင့် ပလပ်စတစ်အိတ်တစ်လုံးအတွက် ဂျပန်ငွေ ၃ ယန်း (မြန်မာငွေ ၄၀ ကျပ်နီးပါး) နှုန်းဖြင့် ကျသင့်ငွေတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။ ယခု စည်းမျဥ်းအသစ် စတင် သက်ရောက်နေပြီဖြစ်ကြောင်း NHK သတင်းဌာနကို ဈေးဝယ်သူတစ်ဦးက ပြောပါတယ်။



"မနက်တိုင်း စတိုးဆိုင်တစ်ခုကနေ လိုအပ်တာတွေ ဝယ်လေ့ရှိပါတယ်၊ အခု ပလပ်စတစ်အိတ်အတွက် ကျသင့်ငွေတောင်းခံနေပြီလို့ သိထားပါတယ်၊ ဒါကြောင့် ကိုယ်ပိုင်အိတ် ယူလာခဲ့ပါတယ်" လို့ ၎င်းက NHK ကို ပြောခဲ့ပါတယ်။ AFP သတင်းမှာ ဖော်ပြမှုအရ ဂျပန်ကို အလည်အပတ် လာရောက်ကြသူတွေဟာ အခြေခံအကျဆုံး အရောင်းအဝယ်တွေမှာပင် ထုတ်ပိုးများစွာ တွေ့ရမှုအပေါ် အံ့အားသင့်ကြရတယ်လို့ ဆိုပါတယ်။

(Photo: KBJ Anderson)

ဂျပန်နိုင်ငံရှိ စတိုးဆိုင်အများစုက ငှက်ပျောသီးတစ်လုံးချင်းစီကို ပလပ်စတစ်ဖြင့် ထုတ်ပိုးထားကြပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်ကလွဲပြီး အခြား နိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက ဂျပန်နိုင်ငံရှိ လူတစ်ဦးချင်းစီကနေ ပလပ်စတစ်အမှိုက် ပိုမိုထွက်ရှိတယ်လို့ ကုလသမဂ္ဂ အချက်အလက်တွေအရ သိရှိရပါတယ်။

ဂျပန်ဟာ ပလပ်စတစ်သုံးစွဲမှု လျှော့ချရေးလုပ်ဆောင်ရာမှာ အလွန်နှေးကွေးကြောင်း ပလတ်စတစ်အသုံးပြုမှု လျှော့ချရေး စည်းရုံးလှုံ့ဆော်သူတွေက ဝေဖန်နေကြပါတယ်။ ဂျပန်ရဲ့ လတ်တလော မူဝါဒတွေအရ ပလပ်စတစ်အသုံးပြုမှုကို အကြီးအကျယ် လျှော့ချသွားရန်နဲ့ အမြော်အမြင်ရှိရှိဖြင့် မည်သို့ အသုံးပြုရန် စဥ်းစားသွားမယ်လို့ ဆိုပါတယ်။

(Photo: AFP)

ဂျပန်တစ်နိုင်ငံလုံးမှာ စတင်ကျင့်သုံးနေတဲ့ ပလပ်စတစ်အိတ်ဖိုးငွေ ပေးချေရမယ့် စည်းမျဥ်းအသစ်က ပြည်သူတွေအနေနဲ့ ပလပ်စတစ်အိတ်တစ်လုံး အမှန်တစ်ကယ် လိုအပ်ခြင်းရှိ မရှိ နှစ်ကြိမ် ပြန်စဥ်းစားရန် လှုံ့ဆော်ခြင်းနဲ့ ၎င်းတို့ရဲ့ လူနေမှုပုံစံတွေကို ပြန်လည် သုံးသပ်ရန် ကူညီခြင်းဖြစ်ကြောင်း အစိုးရက ပြောခဲ့ပါတယ်။ 

ဂျပန်အစိုးရရဲ့ အချက်အလက်တွေအရ ပလပ်စတစ်အမှိုက် စုစုပေါင်းပမာဏရဲ့ ၂ ရာခိုင်နှုန်းဟာ အိတ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။ နိုင်ငံရဲ့ နှစ်စဥ် ထွက်ရှိနေတဲ့ ပလပ်စတစ်အမှိုက် တန်ချိန် ၉.၄ သန်းကို ၂၀၃၀ ခုနှစ်အရောက်မှာ လျှော့ချမယ်လို့ ၂၀၁၈ ခုနှစ်အတွင်း ဂျပန်အစိုးရက ပြောထားခဲ့ဖူးပါတယ်။ ယမန်နှစ်က အိုဆာကာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ G20 အစည်းအဝေးမှာလည်း ပင်လယ်ရေပြင်မှ ပလပ်စတစ်အမှိုက်များ လျှော့ချရန် သဘောတူညီခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က