ဂျပန်နိုင်ငံမှချေးငွေ အမေရိကန်ဒေါ်လာ ၂၈၂ သန်းကျော် အကုန်အကျခံတည်ဆောက်မယ့် သန်လျင်တံတားသစ်ကို ၂၀၂၃ ခုနှစ်မှာ အပြီးဆောက်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပန္နက်တင်ခဲ့ပါတယ်။

သန်လျင်တံတားသစ်ကို ဂျပန်နိုင်ငံမှ ချေးငွေအမေရိကန်ဒေါ်လာ ၂၈၂.၅၄၀ သန်း၊ မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ ၄၀.၆၆ သန်း စုစုပေါင်း ဒေါ်လာ ၃၂၃.၂၀၆ သန်း အကုန်အကျခံ တည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။
သာကေတမြို့နယ်နဲ့ သန်လျင်ကိုဆက်သွယ်မယ့် အဆိုပါ ပဲခူးမြစ်ကူးတံတား (အမှတ်-၃) တံတားရဲ့ အရှည်က (၁၉၂၈)မီတာရှိပြီး တံတားရဲ့ကိုယ်ထည်ကို steel box grider နဲ့ အုတ်မြစ်ကို steel pipe sheet pile နဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။ ယာဉ်တစ်စီးရဲ့ ခံနိုင်ဝန်အားကို တော့ (၇၅) တန်သတ်မှတ်ထားပြီး ၂၀၂၃ ခုနှစ်မှာ အပြီးတည်ဆောက်ရန် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် သန်လျင် သီလဝါစက်မှုဇုန်ကို ဆက်သွယ်မယ့် (၄) လမ်းသွား လမ်းမကြီးကိုလည်း တည်ဆောက်သွားမယ်လို့တိုင်းအစိုးရက ပြောကြားထားပါတယ်။ လက်ရှိအသုံးပြုနေတဲ့ သန်လျင်တံတားဟောင်းကို ကြံ့ခိုင်မှုအခြေအနေကြောင့် ယာဉ်ဖြတ်သန်းမှု ခံနိုင်ဝန်လျှော့ချ ဖြတ်သန်းခွင့်ပြုထားပြီး အဆိုပါ တံတားဟောင်းကို တရုတ်နိုင်ငံက ဆောက်လုပ်ပေးခဲ့ကြောင်း သိရပါတယ်။