ဂျပန်မှာ မြန်နှုန်းမြင့် လျှပ်ပြေးရေယာဉ်တစ်စီးနဲ့ ဝေလငါးဖြစ်နိုင်ဖွယ်ရှိတဲ့ ရေသတ္တဝါတစ်ကောင် တိုက်မိခဲ့ပြီးနောက် ခရီးသည်အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
(Photo: Kyodo)
ဂျပန်ပင်လယ်ပြင်မှာ ယနေ့ (မတ်လ ၉ ရက်) ဖြစ်ပွားခဲ့တဲ့ အဆိုပါ မတော်တဆမှုအတွင်း ခရီးသည် ၈၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ငါးဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ အဆိုပါ လျှပ်ပြေးရေယာဉ်ဟာ Niigata ဆိပ်ကမ်းကနေ Sado ကျွန်းကို ခုတ်မောင်းသွားနေစဉ် ရေသတ္တဝါတစ်ကောင်နဲ့ တိုက်မိခဲ့ပြီး ရေယာဉ်ကိုယ်ထည်မှာ ၆ လက်မခန့်ရှိ အက်ကွဲကြောင်း ဖြစ်ပေါ်သွားခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
(Map: Google Maps)
မတော်တဆမှု ဖြစ်ပွားခဲ့စဉ် လျှပ်ပြေးရေယာဉ်ပေါ်မှာ ခရီးသည် ၁၂၁ ဦးနဲ့ ရေယာဉ်အမှုထမ်းလေးဦး လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရေယာဉ်ဟာ မတော်တဆမှုဖြစ်ပြီးနောက် အခြား ရေယာဉ်တွေရဲ့ အကူအညီမပါဘဲ Sado ကျွန်းကို ရောက်ရှိခဲ့တယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။