ခရစ္စတယ်ပဲလေ့စ်နည်းပြကြီး ရွိုင်းဟော့ဒ်ဆန်ဟာ မနေ့ညက ပွဲမှာ ဂွါဒီယိုလာရဲ့ အဖြစ်အပျက်ကို ရယ်မောနေခဲ့ပါတယ်။ မန်စီးတီးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ဟာ တစ်ဖက်နှစ်ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့တာပါ။


ပင်နယ်တီဝင်သွားချိန်မှာ ဂွါဒီယိုလာတစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ သူ့ခေါင်းကိုကိုင်ကာ ကြေကွဲနေခဲ့ပြီး ဒီဖြစ်ရပ်ကို ရွိုင်းဟော့ဒ်ဆန်က ရယ်မောရင်း ကြည့်ရှုနေခဲ့တာပါ။ ဒီပုံရိပ်က ပရိသတ်တွေအကြားမှာ တော်တော်လေး ရေပန်းစားနေခဲ့ပြီး မန်စီးတီးနဲ့ ဂွါဒီယိုလာအတွက်ကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားသုံးလုံး ဆွတ်ခူးခဲ့တဲ့ အသင်းဖြစ်ပြီး ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄) နှစ်ဆက်အဖြစ် ရယူဖို့ ပစ်မှတ်ထားနေတာပါ။ အခု ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအပြီးမှာတော့ မန်စီးတီးတို့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်တွေ ကစားဖို့ ခရီးထွက်ခွာရတော့မှာလည်း ဖြစ်ပါတယ်။