ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက သူ့အနေနဲ့ ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာကို သဘောကျတဲ့အကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်သာ တန်ဟက်ခ်ကို ထုတ်ပယ်ဖြစ်ခဲ့ရင် ခန့်အပ်ဖွယ်ရှိတဲ့ နည်းပြစာရင်းထဲ ပေါ်တာ ပါဝင်နေတာပါ။

ဘရိုက်တန်နဲ့အတူ စတင်တောက်ပလာခဲ့တဲ့ ပေါ်တာဟာ ချဲလ်ဆီးကိုလည်း ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူက ချဲလ်ဆီးမှာ ကျရှုံးခဲ့ပြီး ပြီးခဲ့တဲ့ဧပြီလမှာ ချဲလ်ဆီးနည်းပြရာထူးကနေ အထုတ်ပယ်ခံခဲ့ရပါတယ်။

“ချဲလ်ဆီးလိုအသင်းမျိုးမှာ သူ အခွင့်အရေးရတာကို ကျွန်တော် ဝမ်းသာမိပါတယ်။ ချဲလ်ဆီးလိုအသင်းကြီးတစ်သင်းမှာ သူ အခွင့်အရေးရတာကို ကျွန်တော် သဘောကျပြီး သူ့ကိုသာ အခွင့်အရေးပေးခဲ့ရင် သူက ကောင်းကောင်းအထိုင်ကျလာမှာပါ” လို့ ပြောကြားခဲ့ဖူးပါတယ်။