ရန်ကုန်တိုင်းမှာ ဖြစ်ပွား၊ သေဆုံးမှုအများဆုံးဖြစ်ပါတယ်။

H1N1 ကြောင့် သေဆုံးသူအရည်အတွက်ဟာ ဇူလိုင်လ ၄ ရက်နေ့အထိ ၂၉ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

Photo FFSS

ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၄ ရက်နေ့အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဖြစ်ပွား၊ သေဆုံး စာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးမှာ ၂၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ ဦးနဲ့ မွန်ပြည်နယ်မှာ ၁ ဦး သေဆုံးခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရောဂါဖြစ်ပွားမှု သံသယရှိသူ ၄၀၂ ယောက်ကို စစ်ဆေးရာမှာ ဖြစ်ပွားနေတယ်လို့ အတည်ပြုပြီးသူ ၁၄၁ ယောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၇၈ ယောက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်ပွားနေသူ အများစုဟာ ကလေးတွေနဲ့ နာတာရှည်ရောဂါ ဖြစ်ပွားသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

Photo FFSS

H1N1 ရာသီတုပ်ကွေး ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်ဖြစ်ပြီး အဖြစ်များတဲ့ ရိုးရိုးတုပ်ကွေးရောဂါနဲ့ လက္ခဏာချင်းဆင်တူပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်ပေမယ့် သေချာစွာကိုင်တွယ်ချက်ပြုတ်ထားတဲ့ ဝက်သားနဲ့ အခြား စားသောက်ကုန်တွေ စားရုံနဲ့တော့ မကူးစက်နိုင်ဘဲ လူလူချင်းသာ ကူးစက်နိုင်ပါတယ်။

ရာဂါလက္ခဏာတွေမှာ အများအားဖြင့် ဆင်တူပေမယ့် ဝက်တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေအပြင် ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ပါဖြစ်နိုင်ပါတယ်။ H1N1 ရာသီတုပ်ကွေးက ရိုးရိုးတုပ်ကွေးထက် အဆုတ်ထဲကို ပိုနက်ရှိုင်းစွာ ကူးစက်ရောက်ရှိနိုင်ပါတယ်။

Share

Loading Next Article...
က္က