• Featured

    ဟာလန်းကိစ္စ ပရီးမီးယားလိဂ်အသင်းတွေအချင်းချင်း ဖက်ငိုရအောင် ပြောလိုက်ပြန်တဲ့ ဒေါ့မွန်စီအီးအို

ဟာလန်းက အင်္ဂလန်မြေထက် စပိန်မြေနဲ့ ပိုမိုသင့်တော်မယ်လို့ ပြောကြားခဲ့တာပါ။
[Zawgyi Version]

ဒေါ့မွန် အမှုဆောင်အရာရှိချုပ် ဝေါ့ဇ်ကီက ဟာလန်းနဲ့ ပတ်သက်လို့ ဒီကစားသမားက အင်္ဂလန်မြေထက် စပိန်မှာ ပိုပြီး ကောင်းကောင်းအသုံးတည့်လိမ့်မယ်လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

ဟာလန်းဟာ (၂၀၂၀) ဇန်နဝါရီမှာ ဆဲလ်ဘာ့ဂ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီးနောက် (၇၅) ပွဲကစား၊ (၇၆) ဂိုးသွင်းယူထားကာ အသင်းရဲ့ အဓိကဂိုးသွင်းစက်တလုံးအဖြစ် ခြေစွမ်းပြ ကစားနေတာပါ။

ဒေါ့မွန်အနေနဲ့ ဟာလန်းကို အခုရရှိနေတဲ့ လုပ်ခလစာထက် (၂) ဆပိုပေးပြီး အသင်းမှာ ထိန်းသိမ်းထားဖို့ ပြင်ဆင်နေပေမယ့် ကစားသမားကတော့ သူ့ဘဝ တက်လမ်းအတွက် အခြားသော ဥရောပအသင်းကြီးတသင်းကို ပြောင်းရွှေ့ချင်နေပါတယ်။

ဟာလန်းကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်က ယူနိုက်တက်၊ မန်စီးတီး၊ ချဲလ်ဆီး၊ လာလီဂါက ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ၊ ပြင်သစ်လီဂူးက PSG၊ ပြည်တွင်းပြိုင်ဘက်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေတာပါ။ ဒါပေမယ့် ဟာလန်းရဲ့ စံချိန်တင်ဖြစ်လာမယ့်လုပ်ခလစာနဲ့ အေးဂျင့်ခတို့ကြောင့် ဘိုင်ယန်မြူးနစ်ကတော့ ခေါ်ယူဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။

အဲ့ဒါကြောင့် ဟာလန်းအတွက် ပရီးမီးယားလိဂ်အသင်းတွေနဲ့ လာလီဂါ နှစ်သင်းကြား အဓိကအားပြိုင်ရဖွယ်ရှိနေပြီး ဝေါ့ဇ်ကီကတော့ ဟာလန်းနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဝေါ့ဇ်ကီက “ဥရောပထိပ်တန်းအသင်းအားလုံး ဟာလန်းကို လိုချင်နေတာ ကျနော် သိပါတယ်”

“အထူးသဖြင့် ရီးရဲယ်မက်ဒရစ်ပေါ့။ ရီးရဲယ်မက်ဒရစ်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ အတည်ပြုပေးနိုင်ပါတယ်။ ကျနော်ထင်ပါတယ်။ ဟာလန်းအတွက် အင်္ဂလန်မြေထက် စပိန်မြေက ပိုပြီး ကောင်းကောင်းအသားကျစေမှာပါ။ ဒါပေမယ့် လောလောဆယ် ယေဘုယျအားဖြင့်တော့ ဟာလန်းကို အသင်းမှာ ဆက်ရှိဖို့ ကျနော်တို့မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဟာလန်းရဲ့ အေးဂျင့်ရွိုင်အိုလာကလည်း ကစားသမားအတွက်သာမက သူ့အတွက် အေးဂျင့်ခကိုပါ စံချိန်တင်ပမာဏ တောင်းဆိုသွားဖို့ ပြင်ဆင်နေပြီး အသင်းတွေအနေနဲ့ ကုန်ကျစရိတ် တော်တော်လေးများပြားဖို့လည်း ရှိနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...