• ဟာသဇာတ်ကားတွေ မရိုက်ဖြစ်တော့ဘူးဆိုတဲ့ မင်းမော်ကွန်း

လာကမ်းလှမ်းရင်လည်း ရွေးချယ်ဦးမှာပါတဲ့။

မင်းမော်ကွန်းက အခုနောက်ပိုင်းမှာ ဟာသဇာတ်ကားတွေ မရိုက်ဖြစ်တော့တဲ့အကြောင်းပြောလာပါတယ်။ ပရိသတ်ထင်သလို ဟာသဇာတ်ကားတွေပဲ ရိုက်နေတာတော့ မဟုတ်ပါဘူးတဲ့။

image

မင်းမော်ကွန်းကိုတော့ အခုနောက်ပိုင်းမှာ ဟာသရုပ်ရှင်ဇာတ်ကားတွေမှာ မြင်တွေ့ရတာ များပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ ဒရာမာဇာတ်ကားတွေကိုလည်း မျှမျှတတ ရိုက်ကူးထားသေးတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့်ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော်ကတော့ ဇာတ်ကားတွေကို မျှတအောင်ရိုက်ပါတယ်။ နောက်ပိုင်း ဟာသဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ဘူးဆိုတာက အရှေ့ပိုင်းမှာ ရိုက်ထားတာတွေ သိပ်များနေလို့ပါ။ ဒရာမာတွေလည်း အများကြီးရိုက်ထားတာရှိပါတယ်။ ဒါပေမယ့် ရုံပေါ်ရောက်တဲ့ ဇာတ်ကားတွေမှာ ဟာသဇာတ်ကားတွေလည်း များနေလို့ဖြစ်မှာပါ’’ ဆိုပြီးတော့ သြဂုတ်လ ၁၉ ရက်နေ့က ဂျင်ပါတီ ရုပ်ရှင်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Kyaw Kyaw Htay Lwin

ရှေ့ဆက်ပြီးတော့လည်း ဟာသဇာတ်ကားတွေကို လက်ခံရိုက်ကူးဖြစ်နေမယ်လို့ မင်းမော်ကွန်းကပြောပါတယ်။ ဒါပေမယ့်လည်း ဟာသဇာတ်ကားတွေကို သေချာစိစစ်ရွေးချယ် ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

‘’ ဇာတ်အိမ်ကောင်းပြီးတော့ ပရိသတ်အတွက် တကယ်လည်းရယ်ရတယ်။ ကျွန်တော်တို့လည်း သဘောကျတဲ့ ဇာတ်ကားမျိုးဆိုရင်တော့ လက်ခံရိုက်ကူးဦးမှာပါ။ ကျွန်တော်ကိုယ်တိုင် ကြည့်တဲ့ ဇာတ်ကားကလည်း ဟာသကားကြည့်တာများတယ်။ စတီဗင်ချောင်တို့ ဘာတို့ ကြည့်သေးတယ်။ တကယ်သရုပ်ဆောင်ပြီဆိုရင်တော့ တည်တည်တံ့တံ့နဲ့ ဟာသလုပ်ရတဲ့ ပုံစံမျိုးကို ပိုသဘောကျတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Kyaw Kyaw Htay Lwin

မင်းမော်ကွန်း(Min Maw Khon) က လက်ရှိမှာ သူချစ်ရတဲ့ ဇနီးနဲ့ အတူ သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ အကြီးဆုံးကတော့ သားကြီး မောင်မင်းမြတ်ဖြစ်ပါတယ်။ သမီးအလတ်ကတော့ လေပြေသွေးပါ။ သူမကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။ အငယ်ဆုံးသားလေးကိုတော့ ဧကဘုန်းမြတ် လို့ နာမည်ပေးထားပါတယ်။ လေပြေသွေးကိုလည်း မင်းမော်ကွန်းရဲ့ သမီး၊ ဦးဇင်ဝိုင်းရဲ့ မြေး အဖြစ် ပရိသတ်တွေအများကြီးက အားပေးခဲ့ကြပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
က္က