ရီးရဲကိုေ ပါင် သန်း ၁၀၀ လောက်နဲ့ ရောင်းချနိုင်ဖို့ ကြံရွယ်နေတယ်လို့သိရပါတယ်။

ဟာဇက်ကတော့ ရာသီကုန်ရင် အသင်းနဲ့ စာချုုပ်သက်တမ်း ပြည့်မှာ ဖြစ်လို့ လာမယ့် နွေရာသီဈေးကွက်မှာ ရီးရဲအသင်းထံ ရောင်းချနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး အီဒင်ဟာဇက်အနေနဲ့ လာမယ့် နွေရာသီမှာ စပိန်ကလပ် ရီးရဲအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းကြီးနေပြီး ဟာဇက်ထွက်ခွာသွားရင် အစားထိုး မယ့်ကစားသမားကိုလည်း ချဲလ်ဆီးအသင်း ရှာဖွေထားနှင့်ပြီးပြီလို့ Daily Mail သတင်းဌာနက ဖော်ပြချက် အရ သိရပါတယ်။

ဟာဇက်အနေနဲ့ ချဲလ်ဆီးမှာ ရာသီကုန်အထိသာ စာချုပ်ကျန်တော့တာ ဖြစ်ပြီး ရီးရဲအသင်းက အလိုရှိနေတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ချဲလ်ဆီးအသင်းကလည်း ကစားသမားရဲ့ အကောင်းဆုံးအချိန်ကို ချိန်ပြီး ရီးရဲအသင်းထံ ပေါင် သန်း ၁၀၀ လောက်နဲ့ရောင်းချနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း Daily Mail က ဖော်ပြလာပါတယ်။

လာမယ့် ရာသီကုန်မှာ ဒေ့ါမွန်အသင်းက ခရစ္စတီယန် ပူလီဆစ် ရောက်ရှိလာမှာ ဖြစ်ပေမယ့်လည်း ဒီကစားကို ခေါ်ယူရခြင်းက အသင်းမှာ ရှိတဲ့ ပက်ထရိုနဲ့ ဝီလီယံတို့နေရာမှာ အစားထိုးနိုင်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့် ဟာဇက်နေရာကို အစားထိုးဖို့အတွက် အခြားကစားသမား ၂ဦးကို ပစ်မှတ်ထားနေပြီး ပထမတစ် ယောက်ကတော့ နာပိုလီအသင်းက လိုရန်ဇိုအင်ဆစ်ဂ်နီဖြစ်ပြီး ဒုတိယတစ်ယောက်ကတော့ အဲဗာတန်က ရစ်ချာလီဆန်ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် အီတလီလက်ရွေးစင် လိုရန်ဇိုရဲ့ ကာလပေါက်ဈေးကတော့ ပေါင် သန်း ၁၄၀ လောက် ပေးချေရဖို့ရှိနေပြီး နည်းပြဟောင်းဆာရီရဲ့ ဆက်ဆံရေးကို အားထားပြီး ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

အဲဗာတန်က ဘရာဇီး လူငယ်တိုက်စစ်မှူး ရစ်ချာလီဆန်ကိုတော့ ပေါင် သန်း ၄၀ လောက်နဲ့ ခေါ်ယူဖို့ ကြိုးစား နေတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က