ပွဲစဉ် ၅အပြီးမှာ နှစ်သင်းလုံးခြေစွမ်းက တည်ငြိမ်နေတယ်လို့ ဆိုရမှာပါ။ ဝက်စ်ဟမ်းအနေနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲဆက် ရှုံးပွဲမရှိထားခဲ့သလို မန်ချက်စတာယူနိုက်တက်ကလည်း နောက်ဆုံး ၃ပွဲမှာ သေ ရ ၁ပွဲ နိုင်ပွဲ ၂ပွဲရှိနေခဲ့ပါတယ်။ လက်ရှိခြေစွမ်း၊ ကစားသမားစုအဖွဲ့၊ ရမှတ်ရရှိမှုပိုင်း တူညီနေတဲ့အသင်းတွေဖြစ်လို့ အကြိတ်အနယ်အရှိဆုံးပွဲစဉ်ဖြစ်လာ မှာတော့ အသေအချာပါပဲ။ အစဉ်အလာပိုင်းအ ရလ ည်း သိပ်မကွာကြတဲ့အသင်းတွေဖြစ်လို့ အနိုင်ရလဒ်ကို ဘယ်အသင်းက ရယူသွားနိုင်မလဲဆိုတာစိတ် ဝင်စားစရာအကော င်းဆုံးဖြစ်နေတယ်ဆိုတာကတော့ . . .။
ဝက်စ်ဟမ်း Vs မန်ချက်စတာယူနိုက်တက်
ထိပ်တိုက်တွေ့ဆုံမှု
မန်ချက်စတာယူနိုက်တက် ၂-၁ ဝက်စ်ဟမ်း
ဝက်စ်ဟမ်း ၃-၁ မန်ချက်စတာယူနိုက်တက်
ဝက်စ်ဟမ်း ဝ-၀ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက် ၄-၀ ဝက်စ်ဟမ်း
ဝက်စ်ဟမ်း ဝ-၂ မန်ချက်စတာယူနိုက်တက်
ဝက်စ်ဟမ်းအသင်းရဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၃ပွဲရလဒ်
အက်စတွန်ဗီလာ ဝ-၀ ဝက်စ်ဟမ်း
ဝက်စ်ဟမ်း ၂-၀ နောဝစ်ချ်
ဝက်ဖို့ဒ် ၁-၃ ဝက်စ်ဟမ်း
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၃ပွဲရလဒ်
မန်ချက်စတာယူနိုက်တက် ၁-၀ လက်စတာ
ဆောက်သမ်တန် ၁-၁ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက် ၁-၂ ခရစ္စတယ်ပဲလေ့စ်
နှစ်ဖက်အသင်းသတင်းများ
· ဝက်စ်ဟမ်းတောင်ပံကစားသမား အန်တိုနီယိုဒဏ်ရာပြဿနာရှိနေသလို အာသာမာဆူကမှာ လည်း ပွဲပယ်ပြစ်ဒဏ်ရှိနေ။
· ယူနိုက်တက်အဓိက,ကစားသမားအများစုဒဏ်ရာပြဿနာရှိနေခဲ့ပြီး ပေါဘာ မာရှယ်၊ လုခ်ရှော တို့ ပွဲကစားနိုင်မည်မဟုတ်။
· ဝက်စ်ဟမ်းအတွက်ဟယ်လာက၃ဂိုး၊ မာ့ခ်နိုဘယ်နဲ့ ယာမိုလမ်ကိုတို့က ၁ဂိုးစီသွင်းယူပေးထား ပြီး ယူနိုက်တက်အတွက်တော့ ဒန်နီရယ်ဂျိမ်းစ်၊ ရက်ချ်ဖို့ဒ်တို့က ၃ဂိုးသွင်းယူပေးထား။
· ဝက်စ်ဟမ်းအနေနဲ့ အိမ်ကွင်းနောက်ဆုံး ၃ပွဲမှာ ၂ပွဲနိုင် ၁ပွဲရှုံးထားပြီး ယူနိုက်တက်ကေ တာ့ အ ဝေးကွင်းနောက်ဆုံး ၃ပွဲ ရှုံးပွဲမရှိခဲ့။
ပွဲကြိုအချက်အလက်
· အစဉ်အလာအရ ပြိုင်ပွဲစုံနောက်ဆုံး ပွဲ ၁၂၀ ကစားခဲ့ရာမှာ ဝက်စ်ဟမ်းက ၃၃ ပွဲနိုင်၊ ၂၉ပွဲသ ရေကျပြီး ယူနိုက်တက်က ၅၈ပွဲအနိုင်ရထား။
· ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲကစားထားရာမှာ ၃ပွဲနိုင် ၂ပွဲသရေ ၁ပွဲရှုံးထားတဲ့ ဝက်စ်ဟမ်းအနေနဲ့ တို က်စစ်က ၈ဂိုးရထားပြီး ၇ဂိုးပြန်ပေးထားရ။
· နောက်ဆုံး ၆ပွဲမှာ ရှုံးပွဲ၁ပွဲတည်းသာရှိထားတဲ့ မန်ယူနိုက်တက်အနေနဲ့ ၃ပွဲနိုင် ၂ပွဲသရေရလဒ် ရရှိထားပြီး ၉ဂိုးသွင်း ၄ဂိုးပြန်ပေးထားရ။
· ဝက်စ်ဟမ်းအသင်းအနေနဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲ ၃၀မှာ ရမှတ် ၄၈မှတ်ရရှိထားပြီး၁၄ပွဲ အထိအနိုင်ရရှိထားခဲ့။
ဖြစ်နိုင်ဖွယ်လူစာရင်း
ဒဏ်ရာရ/ပွဲပယ်
ဝက်စ်ဟမ်း - ဝင်စတန်ရိဗ်၊ လန်ဇီနီ၊ အန်တိုနီယို၊ အာသာမာဆာကူ(ပွဲပယ်)
မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်
ဝက်စ်ဟမ်းအနေနဲ့ ဗီလာနဲ့ပွဲမှာ သရေကျခဲ့တယ်ဆိုပေမယ့် ကစားပုံကတော့ အကောင်းဆုံးပုံစံရှိ နေပါ တယ်။ တိုးတက်လာတဲ့အသင်းပီပီ အိမ်ကွင်းမှာ ယူနိုက်တက်ကိုအခက်တွေ့အောင်ကစားနိုင်မှာပါ။ ယူ နိုက်တက်ကတော့ လက်ရှိအနေအထားအရ ချဲလ်ဆီးကို ၄ဂိုးပြတ်အနိုင်ရထားတယ်ဆိုတာကိုမေ့ပ စ်ရ မယ့်အချိန်ပါ။
ခန့်မှန်းရလဒ်
ဝက်စ်ဟမ်း ၂-၁ မန်ချက်စတာယူနိုက်တက်