ဟတ်ဒါဖီးလ်လို ဇယားအောက်ဆုံးကအသင်းကိုတောင် အနိုင်ရဖို့ အတော်ရုန်းကန်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)မှာ အမှတ်ပေးဇယားအောက်ဆုံးက ဟတ်ဒါဖီးလ်အသင်းကို အဝေးကွင်းမှာ ၁-၂ဂိုးနဲ့နိုင်ပြီး ဒီရာသီပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲငါးပွဲမြောက်ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်လူစာရင်းမှာ ဇာကာ၊ အိုဇေးလ်၊ အော်ဘာမီယန်တို့ပါဝင်လာခြင်းမရှိပဲ တိုက်စစ်မှာ လာကာဇက်ကိုအထောင်ထားကာ ဂွမ်ဒေါင်ဇီ၊ အီဝိုဘီတို့ပွဲထွက်ပါဝင်လာပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနှစ်ပရီးမီးယားလိဂ်မှာအဝေးကွင်းညံ့တဲ့အသင်းတွေထဲမှာပါဝင်ပြီး ဒီပွဲမတိုင်ခင်မှာ အဝေးကွင်းဆိုခက်ခဲနေတဲ့ ကစားပုံကိုချေဖျက်ပြမယ်လို့ နည်းပြ အမ်မရီက ကြုံးဝါးထားပေမယ့် လက်တွေ့မှာတော့ ဟတ်ဒါဖီးလ်လို ဇယားအောက်ဆုံးကအသင်းကိုတောင် အနိုင်ရဖို့ အတော်ရုန်းကန်ခဲ့ရပါတယ်။



အာဆင်နယ်အသင်းဟာ အဖွင့်ဂိုးကို ပွဲချိန် ၁၆မိနစ်ကတည်းကရခဲ့ပြီး အီဝိုဘီက သွင်းယူပေးခဲ့တာပါ။ အာဆင်နယ်ကစားပုံဟာ အဖွင့်ဂိုးရပြီးနောက်ပိုင်းမှာ ကောင်းမွန်ခဲ့ပြီး ဟတ်ဒါဖီးလ်ကို ဖိအားပေးကစားလာနိုင်ပါတယ်။ ပွဲချိန် ၄၄မိနစ်မှာ လာကာဇက်က အာဆင်နယ်အတွင်ဒုတိယဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းကစားပုံအရ အာဆင်နယ်အသင်းဟာ ဟတ်ဒါဖီးလ်ကို ဂိုးသွင်းခွင့်အတော်များများရခဲ့ပြီး ခြေစွမ်းအသာစီးရယူကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာတော့ အာဆင်နယ်အသင်းက ၂-ဝဂိုးနဲ့ဦးဆောင်ထားနိုင်ပါတယ်။

ဒုတိယပိုင်းပြန်အစမှာတော့ ဟတ်ဒါဖီးလ်ကစားပုံဟာ အံ့အားသင့်စရာကောင်းအောင် ကောင်းမွန်လာပြီး အာဆင်နယ်ကစားပုံဟာလည်း အံ့အားသင့်စရာကောင်းအောင် ဆိုးရွားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒုတိယပိုင်းပွဲချိန်အတော်များများကို ဟတ်ဒါဖီးလ်ရဲ့ဖိအားပေးကစားခြင်းခံခဲ့ရပြီး ဂိုးမပေးရဖို့အတွက် အသည်းအသန်ခုခံကာကွယ်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ဟတ်ဒါဖီးလ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၅၅ရာခိုင်နှုန်းအထိရှိခဲ့ြ့ပီး ဂိုးကန်သွင်းခွင့်ငါးကြိမ်အထိရခဲ့ပါတယ်။ ဟတ်ဒါဖီးလ်တိုက်စစ်မှူးတွေ အဆုံးသတ်ညံ့ဖျင်းမှုကြောင့် အာဆင်နယ်ကံကောင်းခဲ့တာပါ။ ဟတ်ဒါဖီးလ်အတွက်ချေပဂိုးကို ၉၃မိနစ်မှာ ကိုလာစီနစ်က ကိုယ့်ဂိုးကိုပြန်လည်သွင်းယူပေးခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဝေးကွင်းငါးပွဲမြောက်နိုင်ပွဲရယူနိုင်ခဲ့ပြီး အဆင့်ခြောက်နေရာမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။


 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က