နည်းပညာနယ်ပယ်မှ တက္ကသိုလ်ကျောင်းသား/ကျောင်းသူတွေ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် ပထမဆုံးအကြိမ် Huawei National Cloud & AI Contest 2019 အတွက် လက်တွေ့သင်ကြားမှု အစီအစဉ်တစ်ခုကို ဇူလိုင် ၁၅ ရက်နေ့က Huawei Myanmar ရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Huawei National Cloud & AI Contest 2019 ဟာ Huawei ကုမ္ပဏီနဲ့မြန်မာနိုင်ငံ ပါမောက္ခချုပ်များ ကော်မတီ ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (MCF) ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန (DRI) တို့ပူးပေါင်းကာ ပထမဆုံးအကြိမ်အဖြစ် စတင် ကျင်းပသွားမယ့် နည်းပညာပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ဇူလိုင် ၁၅ ရက်နေ့က ပြိုင်ပွဲဝင် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများကို ကြီးကြပ်လမ်းညွှန်မယ့် ဆရာဆရာမများအတွက် On-Site Training တစ်ခု စတင် လုပ်ဆောင်ခဲ့တာပါ။
Photo: Huawei Myanmar
ဒီသင်တန်းမှာ မြန်မာနိုင်ငံတစ်ဝှမ်းမှ နည်းပညာနဲ့ကွန်ပျူတာတက္ကသိုလ် ၃၈ ခုမှ ဆရာ ၊ ဆရာမ ၃၈ ဦး တက်ရောက်လေ့လာခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ပြိုင်ပွဲဝင် ကျောင်းသား ၊ ကျောင်းသူတွေကို Cloud နဲ့AI နည်းပညာရဲ့ အသုံးဝင်မှုနဲ့ဒီနည်းပညာတွေကို သုံးပြီး ဘယ်လို ထုတ်ကုန်တွေ တီထွင်ဖန်တီးနိုင်မလဲဆိုတဲ့ ဗဟုသုတကို ဆရာ ၊ ဆရာမတွေကတစ်ဆင့် ပြန်လည် မျှဝေခဲ့တာလည်း ဖြစ်ပါတယ်။
Huawei National Cloud & AI Contest 2019 အတွက် ဘွဲ့ကြိုနဲ့ဘွဲ့လွန်ကျောင်းသားတွေ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင် တစ်သင်းမှာ ကျောင်းသား ၂ ယောက်ကနေ ၃ ယောက်အထိ ပါဝင်နိုင်ပြီး ကြီးကြပ်ရေးမှူးတစ်ဦး ပါမှာပါ။ ဒီပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လိုတဲ့ ကျောင်းသားတွေအတွက် စာရင်းပေးသွင်းမှုကို ဇူလိုင် ၅ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ လက်ခံနေပြီး ဒီအစီအစဉ်မှာ ပါဝင်လိုတဲ့ ကျောင်းသား ၊ ကျောင်းသူတွေအနေနဲ့ယခုလင့်ခ်ကနေ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။
Photo: Huawei Myanmar
Huawei ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဟောင်ကောင်တက္ကသိုလ်ကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် Huawei Cloud AI Developer Contest ပွဲတစ်ခု စတင်ကျင်းပခဲ့ပါတယ်။ Huawei Cloud AI Developer Contest မှာ အနိုင်ရခဲ့တဲ့ ဟောင်ကောင် သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှ Team BDT ကို ပထမဆု Huawei Mate 20 Pro ၊ ဟောင်ကောင်ဒေါ်လာ ၁ သောင်းတန် Huawei Cloud ဘောက်ချာတစ်ခု နဲ့Huawei Cloud AI Lab မှာ အလုပ်သင် ဆင်းခွင့်များ ပေးခဲ့ပြီး ဒီပွဲမှာ First Runner-Up နဲ့Second Runner-Up ဆုများလည်း ပေးအပ်ခဲ့ပါတယ်။