နောက်အကျဆုံး ၂၀၂၀ နှစ်ဆန်းပိုင်း ဖြစ်ဖို့ရှိပါတယ်။

Android app တွေနဲ့ချိတ်ဆက်နိုင်မယ့် features တွေ ပါတဲ့ Huawei ရဲ့ OS ဟာ ၂၀၁၉ အကုန်ပိုင်းမှာမှ ထွက်လာဖို့ရှိပါတယ်။

         တရုတ်သတင်းဌာန Caijing ဟာ Huawei Consumer Group ရဲ့ CEO ရစ်ချတ်ယုရဲ့ ပြောကြားချက်ကို ကိုးကားပြီး Huawei ထုတ် OS ဟာ ဒီနှစ်ဆောင်းတွင်း ဒါမှမဟုတ် ၂၀၂၀ နှစ်ဆန်းပိုင်းမှာ Huawei ဖုန်း ၊ ကွန်ပျူတာ ၊ တက်ဘလက် ၊ တီဗွီ ၊ ကား နဲ့စမတ် wearables ထုတ်ကုန်တွေမှာ အသုံးပြုနိုင်မယ်လို့ဖော်ပြထားပါတယ်။ သတင်းတွေမှာတော့ ဒီ OS ရဲ့ နာမည်ကို HongMeng လို့ဖော်ပြနေကြပါတယ်။



Photo: Canoe

         Huawei OS ဟာ လက်ရှိ Andorid နဲ့Web apps အားလုံးနဲ့လိုက်ဖက်တဲ့ Operating System တစ်ခုဖြစ်ပြီး ChromeOS လိုမျိုး interface တွေကနေ ယူရာမှာ စွမ်းဆောင်ရည်ပိုကောင်းအောင် လုပ်ဆောင်သွားဖို့ရှိပါတယ်။Huawei အနေနဲ့ဒီ OS ပေါ်မှာ apps တွေ ဖန်တီးဖို့အတွက် third-party developers တွေပေါ် အားကိုးရဖို့ရှိပါတယ်။

         ဒီ OS ထုတ်လုပ်ဖို့အတွက် ရည်ရွယ်ပြီး Huawei ဟာ Project Z နာမည်နဲ့နှစ်အတန်ကြာ လုပ်ဆောင်ခဲ့တာပါ။ အစောပိုင်းကတော့ တရုတ်ဈေးကွက်အတွင်း ထုတ်တဲ့ ထုတ်ကုန်တွေအတွက် 5G ကြိုးမဲ့ကွန်ရက်ရတဲ့အခါ သုံးဖို့OS တစ်ခုအနေနဲ့ရည်ရွယ်ခဲ့တာ ဖြစ်ပြီး Android ကို လုံးဝလက်လွှတ်ဖို့မဟုတ်ခဲ့ပါဘူး။ လက်ရှိအချိန်မှာ Huawei အနေနဲ့ကိုယ်ပိုင် OS ဈေးကွက်မှာ ချသုံးရအောင် အဆင့်သင့်ဖြစ်ဖို့ဝေးနေသေးတယ်လို့သတင်းတွေက ဖော်ပြနေပါတယ်။    

         ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီး ဖြစ်တဲ့ Samsung ဟာလည်း Android OS ပေါ် မှီခိုမှုလျှော့ချဖို့Tizen နာမည်နဲ့ကိုယ်ပိုင် OS တစ်ခု ထုတ်ခဲ့ပါတယ်။ Samsung ဟာ TizenOS သုံး Samsung Z2 ကို ၂၀၁၆ မှာ ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။ လက်ရှိမှာ TizenOS ကို Samsung စမတ်နာရီတွေမှာပဲ အသုံးပြုုနေပါတယ်။

Photo: wccftech

      Huawei ဟာ ကိုုယ်ပိုင် OS စနစ် ဖွံ့ဖြိုးရေးအတွက် Google နဲ့နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်နေတယ်လို့သတင်းထွက်ထားပါတယ်။ မေလ ၂၁ ရက်မှာ အမေရိကန်အစိုးရဟာ Huawei ပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ရက် ၉၀ ကြာ ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။ Huawei အနေနဲ့လက်ရှိ ကွန်ရက်တွေအတွက် ပစ္စည်းအစိတ်အပိုင်း ဝယ်ယူဖို့အတွက် အမေရိကန်အစိုးရဘက်မှ ယာယီလိုင်စင်တစ်ခု ထုတ်ပေးထားပါတယ်။

         သြဂုတ်လ ၁၉ ရက်နေ့အထိ အကျုံးဝင်မယ့် ဒီယာယီလိုင်စင်အတွင်း ဈေးကွက်ထဲ ရောက်နေတဲ့ Huawei ထုတ်ကုန်တွေမှာ Android OS updates နဲ့Google apps တွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လိုင်စင်သက်တမ်း ကုန်သွားချိန်မှာတော့Huawei အနေနဲ့Google ရဲ့ Android Open Source Project (AOSP) ဗားရှင်းကို ပြုပြင်အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် Google ရဲ့ တရားဝင် Services အကုန်လုံး တစ်ခုမှ အသုံးပြုနိုင်မှာ မဟုတ်တော့ပါဘူး။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က