• Huawei ပထမသုံးလပတ်ဝင်ငွေ ယခင်နှစ်ကထက် ၁.၄% ပိုမြင့်တက်

ဝင်ငွေတိုးတက်နှုန်း နှေးကွေးခဲ့ပါတယ်

COVID-19 အကြပ်အတည်းတွေအကြားမှာ Huawei ရဲ့ သုံးလပတ်ဝင်ငွေဟာ အတက်ဘက်မှာ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Huawei ရဲ့ ၂၀၂၀ ပထမ သုံးလပတ်ဝင်ငွေဟာ ယွမ် ၁၈၂.၂ ဘီလျံ (ဒေါ်လာ ၂၅.၈ ဘီလျံ) ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၉ ပထမသုံးလပတ်ဝင်ငွေ ယွမ် ၁၇၉.၇ ဘီလျံထက် ၁.၄% ပိုများလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၀ ပထမသုံးလပတ်အတွက် အသားတင်အမြတ်ရာခိုင်နှုန်းဟာ ၇.၃% ရှိတယ်လို့လည်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

image

Photo: Yahoo Finance


ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းနဲ့ အမေရိကန်ရဲ့ ဆက်လက်ပိတ်ဆို့မှုတွေကြောင့် Huawei ရဲ့ ၂၀၂၀ ပထမ သုံးလပတ်ကာလဟာ ဝင်ငွေတိုးတက်မှုအနေနဲ့ ၂၀၁၉ ပထမသုံးလပတ် ဝင်ငွေတိုးတက်မှုနှုန်းကို မမှီခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ် ပထမသုံးလပတ်အတွင်း ရရှိခဲ့တဲ့ ဝင်ငွေဟာ ၂၀၁၈ ပထမသုံးလပတ်ကထက် ၃၉% ပိုမြင့်ခဲ့တာ ဖြစ်ပါတယ်။ ‌

"ဝင်ငွေတိုးတက်မှုနှုန်းက နှေးကွေးခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ Entity List နှစ်ခုလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။" လို့ Huawei ဒုဥက္ကဌ ဗစ်တာရှောင်က ဆိုပါတယ်။

Huawei ရဲ့ လုပ်ငန်းနဲ့ ထုတ်လုပ်မှုတွေဟာ ပုံမှန်အတိုင်း လည်ပတ်နေပြီး ၂၀၂၀ ပထမသုံးလပတ် အထွေထွေလုပ်ငန်းရလဒ်ဟာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ကမ္ဘာအနှံ့ COVID-19 ကူးစက်မှု ဖြစ်ပွားနေချိန်မှာ Huawei ဟာ ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နေသလို တယ်လီကွန်း Carriers များ ကွန်ရက်တည်ငြိမ်လုံခြုံမှု ရှိစေဖို့လည်း ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo: govinsider

Huawei ဟာ COVID-19 ဖြစ်ပွားချိန်မှာ စပြီး မိတ်ဖက်ကုမ္ပဏီများနဲ့ ပူးပေါင်းကာ 5G နဲ့ AI အခြေပြု ဆေးဘက်ဆိုင်ရာ app များ မိတ်ဆက်ဖြန့်ချိထားပါတယ်။ AI နည်းပညာသုံး ရောဂါရှာဖွေဆန်းစစ်မှုကြောင့် CT Scan ဖတ်မှုကို ၁၂ မိနစ်မှ ၂ မိနစ်အထိ လျှော့ချနိုင်ခဲ့သလို 5G ချိတ်ဆက်ထားတဲ့ အဝေးထိန်းဗွီဒီယို ဆွေးနွေးတိုင်ပင်မှုများနဲ့လည်း ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများကို အဆင့်မြှင့်တင်ပေးခဲ့တယ်လို့ ဆိုပါတယ်။


















ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က