ပြင်သစ်ဖုန်းကုမ္ပဏီတစ်ခုဟာ ကုမ္ပဏီရဲ့ ပထမဆုံး HarmonyOS စနစ်သုံး 5G ဖုန်းတစ်လုံးကို မိတ်ဆက်သွားပါတယ်။
တရုတ်ဖုန်းလုပ်ငန်း Tinno Mobile ပိုင် WIKO လို့ ခေါ်တဲ့ ပြင်သစ်ကုမ္ပဏီကနေ မိတ်ဆက်လိုက်တဲ့ WIKO 5G ဟာ Huawei Nova 9 SE ကို Rebrand ထုတ်ထားတဲ့ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။ ဒီဖုန်းဟာ Huawei Nova 9 SE ရဲ့ ဒီဇိုင်းကို မှီးထားပေမယ့် Nova 9 SE လိုမျိုး 4G မဟုတ်ဘဲ WIKO 5G ကတော့ နာမည်အတိုင်း 5G ကွန်ရက်စနစ်နဲ့အတူ အပြောင်းအလဲသစ်တွေလည်း ထည့်သွင်းထားပါတယ်။
Photo: GSMArena
ဖုန်းမျက်နှာပြင်အရွယ်အစား ၆.၇၈ လက်မဟာ LCD Panel ၊ 120Hz Refresh Rate ၊ 270Hz Touch Sampling Rate တို့ ပါပြီး FHD+ ရုပ်ထွက် သုံးထားပါတယ်။ ရှေ့ကင်မရာဟာ မှန်ပြင်အပေါ်အလယ်တည့်တည့်နေရာမှာ ဆဲလ်ဖီကင်မရာအတွက် Punch-Hole ကင်မရာပေါက် ထည့်ပေးထားပါတယ်။ အနက်နဲ့ ငွေရောင် ကာလာ ၂ မျိုးနဲ့ လာပြီး ကျောဘက်ကာလာအရင့်အဖျော့ ထောင်လိုက်စင်းနှစ်ကန့်ဖက်ရှင် သုံးထားပါတယ်။
Wiko 5G မှာ 5G Support ပါ Qualcomm ရဲ့ Snapdragon 685 Chipset သုံးထားပြီး RAM 8GB, 128GB/256GB ဗားရှင်းတွေနဲ့ ထွက်ပါတယ်။ ဘက်ထရီပါဝါ 4000mAh ဟာ 66W Fast Charging Support ပေးထားပါတယ်။ ဆယ်လ်ဖီကင်မရာကို 16MP သုံးထားပြီး ကျောဘက်မှာ Samsung ထုတ် 108MP Sensor ၊ 8MP Ultrawide နဲ့ 2MP Macro Lens တို့ တပ်ဆင်ထားပါတယ်။
ဆော့ဖ်ဝဲပိုင်းမှာ Huawei ရဲ့ HarmonyOS နဲ့ လာပြီး 128GB ဗားရှင်းအတွက် ၁၉၉၉ ယွမ် ( မြန်မာငွေ ၇ သိန်းဝန်းကျင်) နဲ့ 256GB ဗားရှင်းအတွက် ၂၁၉၉ ယွမ် (မြန်မာငွေ ၇ သိန်းခွဲကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။