ဆန်ခါတင်စာရင်းမှာတောင် မပါဝင်လာတာပါ။

ဖီဖာက ပေးအပ်ချီးမြှင့်မယ့် ဆုတစ်ခုဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး တစ်နှစ်တာ ကစားသမားဆု (The Best ) ဆုအတွက် ဆန်ခါတင်စာရင်း ထွက်ပေါ်လာရာမှာ လီယွန်နယ်မက်ဆီ ကျန်ရစ်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ မက်ဆီအတွက် UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရဲ့ ဆန်ခါတင်အဆင့်မှာ ကျန်ရစ်ပြီးနောက် နောက်ထပ်တစ်ကြိမ် ကျန်ရစ်ခဲ့မှု ဖြစ်ပါတယ်။



Photo : FIFA

 

ဖီဖာဟာ ဒီဆုကို ဘလွန်းဒီအောဆုကို France Football မဂ္ဂဇင်းနဲ့ ပူးတွဲပေးအပ်နေရာကနေ သီးသန့်ခွဲထွက်လာခဲ့ပြီး The Best ဆိုတဲ့ အမည်နဲ့ သီးခြားချီးမြှင့်တဲ့ ဆုဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က စတင်ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆုကို ပေးအပ်တာ (၂)ကြိမ်သာ ရှိသေးပြီး (၂)ကြိမ်စလုံးမှာတော့ ရော်နယ်ဒိုက ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ စွမ်းရည်အပေါ် အသိအမှတ်ပြုခဲ့တဲ့ မက်ဆီ 

Photo : Daily Time

ဆန်ခါတင်စာရင်းမှာတော့ ရော်နယ်ဒို၊ ဆာလာ နဲ့ မိုဒရစ်တို့ ပါဝင်လာခဲ့ပြီးနောက် မက်ဆီ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီကျန်ရစ်ခဲ့တဲ့ အပေါ်မှာ ဝေဖန်မှုတချို့ရှိနေခဲ့ပြီး ဖီဖာရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ပြစ်တင်နေသူတွေလည်း ရှိခဲ့ကြပါတယ်။ မက်ဆီဟာ The Best ဆုကို တစ်ကြိမ်မှ မရရှိသေးသလို ဒီနှစ်အတွက်လည်း မျှော်လင့်ချက်မဲ့သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo : Futaa

 

အခြားသော အကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းအဖြစ် ဂိုးသမားအကောင်းဆုအတွက် ကော်တွိုက်စ်၊ လိုရစ် ၊ ရှမိုက်ကယ်တို့က ရွေးချယ်ခံခဲ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီယာ နဲ့ ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာတို့ လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။ အကောင်းဆုံးနည်းပြဆုအတွက်လည်း ဆန်ခါတင် (၃)ယောက် ရွေးချယ်ခဲ့ပြီး ဒက်ချမ့်၊ ဇီဒန်း နဲ့ ဒါလစ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။

Photo : ESPN.in

 

စက်တင်ဘာလ (၂၈)ရက်နေ့မှာတော့ အကောင်းဆုံးဆုများကို ရွေးချယ်သွားမှာ ဖြစ်ပြီး ရော်နယ်ဒို၊ ဆာလာ နဲ့ မိုဒရစ်တို့ရဲ့ အားပြိုင်မှုတွေကို ထပ်မံမြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ မိုဒရစ်ကတော လောလောလတ်လတ်အနေနဲ့ UEFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရော်နယ်ဒို နဲ့ ဆာလာတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးထားပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က