မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ လက်စတာစီးတီးကြယ်ပွင့် မက်ဂွိုင်းယားကို ယခုနွေရာသီမှာ ခေါ်ယူဖို့အတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြတာဖြစ်ပြီး ချယ်ဆီးဂန္တဝင် ခရိတ်ဘာလေက မက်ဂွိုင်းယားအတွက် ရွေးချယ်ဖို့ ထင်ထင်ရှားရှားရှိနေပြီးသားလို့ ယုံကြည်နေတာဖြစ်ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားဟာ ကလပ်အသင်းနဲ့ရော လက်ရွေးစင်အသင်းနဲ့ပါ အထင်ကြီးဖွယ်စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီးနောက် ယခုနွေရာသီမှာ ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ မက်ဂွိုင်းယားကို ခေါ်ယူလိုနေပြီး ချယ်ဆီးကွင်းလယ်ကစားသမားဟောင်း ခရိတ်ဘာလေက မက်ဂွိုင်းယားအတွက် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲတဲ့အခြေအနေမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။
“မက်ဂွိုင်းယားအနေနဲ့ ဦးနှောက်ရှိမယ်ဆိုရင်၊ စီးတီးက သူ့ကိုလိုချင်တယ်ဆိုရင် စီးတီးကိုပဲ သွားပါလိမ့်မယ်။ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်”
“မန်စီးတီးကလည်း သူ့ကိုလိုချင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကွန်ပနီ မရှိတော့ဘူးလေ။ အိုတာမန်ဒီရှိသေးလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူ ရှိနေတယ်ဆိုရင်တောင် အများကြီးမကစားရပါဘူး။ ဂျွန်စတုန်းကလည်း ရုန်းကန်နေခဲ့ရပါတယ်”
“ကျွန်တော်သာ ဟယ်ရီမက်ဂွိုင်းယားဆိုရင် ကျွန်တော် ရွေးချယ်မှုပြုလုပ်မှာပါ။ ကျွန်တော် မန်ယူနိုက်တက်ထက် မန်စီးတီးကို သွားပြီး သူတို့အတွက် ကစားပေးမှာပါ။ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ဘာကြောင့် မပြောင်းရွှေ့ချင်ရမှာလဲ”လို့ ESPN FC ကို ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဟယ်ရီမက်ဂွိုင်းယားကို ခေါ်ယူဖို့အတွက် လက်စတာစီးတီးအသင်းကို ပေါင်သန်း ၈၀ ကနေ ၉၀ အထိ ပေးချေရမှာဖြစ်ပြီး လက်ရှိဈေးကွက်ပေါက်ဈေးအရ သင့်တော်တဲ့ဈေးနှုန်းလို့ ပြောရမှာဖြစ်ပါတယ်။