ဈေးကွက်ထဲ မထွက်သေးတဲ့ iPhone ပါ

မြန်မာငွေ သိန်းပေါင်း ၁၉၀၀ နီးပါးတန် iPhone XS Billionaire Solid Gold Edition ကတော့ နာမည်အတိုင်း ဘီလျံနာ ဖြစ်မှ ကိုင်နိုင်မယ့် ဖုန်းပါ။

billionaire-ip11-straight.jpg

Photo: Mirror

 

ဒီနှစ်ထဲမှာ Apple ဟာ iPhone 9 သို့မဟုတ် iPhone 11 သို့မဟုတ် iPhone XS နာမည်တစ်မျိုးမျိုးနဲ့iPhone သစ်မော်ဒယ်ကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Goldgenie လို့ခေါ်တဲ့ ဗြိတိန် luxury ကုမ္ပဏီတစ်ခုဟာ iPhone XS ကိုမှ တန်ဖိုးကြီး ကိုယ်ပိုင် edition အဖြစ် ပြန်ပြီး ပထမဆုံးပြန်ဖြန့်သွားဖို့ကြေငြာထားတာပါ။

iPhone XS အကြောင်း ဘာအချက်အလက်မှ မသိရသေးခင် ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဒီဖုုန်းရဲ့ Billionaire Solid Gold Edition ကို ဖော်ပြထားပါတယ်။ တကယ်တမ်းမှာတော့ Apple ဟာ လာမယ့် စက်တင်ဘာလရောက်မှ တရားဝင်ကြေငြာသွားမှာပါ။ Goldgenie ကတော့ ကုမ္ပဏီရဲ့ edition သစ်အတွက် pre-order လက်ခံနေပါတယ်။

ဒီ edition ဟာ 256GB storage ဗားရှင်းနဲ့ပဲ လာပြီး ကျောဘက်မှာ Billionaire တံဆိပ်နဲ့၂၄ ကာရက်ရွှေအုပ်ထားတာပါ။ ကုမ္ပဏီကတော့ ဒီဖုန်းဟာ iPhone XS သို့မဟုတ် iPhone X Plus နာမည်နဲ့ထွက်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။ သီးသန့်Edition ဖြစ်တဲ့အတိုင်း ၂၃ လုံးပဲ ထုတ်သွားမှာ ဖြစ်ပြီး နံပါတ်စဉ်အလိုက် ၁ ကနေ ၂၃ အထိ ဖုန်းမှာ ထွင်းပေးထားမှာပါ။။

Goldgenie ရဲ့ iPhone XS သစ်ဟာ ချယ်ရီဝက်သစ်ချသား သေတ္တာငယ်နဲ့ထုတ်ပိုးထားပြီး ငါးနှစ် service ပေးသွားမှာပါ။ရွှေမော်ဒယ်အပြင် ပလက်တီနမ်နဲ့နှင်းဆီရွှေ မော်ဒယ်နှစ်မျိုးလည်း ပါရှိမှာ ဖြစ်ပြီး gold ဗားရှင်းဟာ ပေါင် ၁ သိန်း (မြန်မာငွေကျပ်  ၁၈၉၀ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။ အရစ်ကျသွင်းမယ်ဆိုရင်တော့ ပထမအရစ် ပေါင် ၅ သောင်း သွင်းပြီး အော်ဒါမှာနိုင်တယ်လို့ဆိုပါတယ်။

Photo: Goldgenie

 

တန်ဖိုးကြီး ဖုန်းများဟာ luxury ကုမ္ပဏီများရဲ့ ပစ်မှတ်ဖြစ်နေပြီး မကြာသေးမီက ရုရှားကုမ္ပဏီ Caviar ဟာ Fine Gold Edition အဖြစ် မိတ်ဆက်လိုက်တဲ့ 128GB မော်ဒယ် Samsung Galaxy Note 9 ကို ရုရှားရူဘယ် ၃၈၇ သန်း (မြန်မာငွေ ၉၁၆ သိန်းကျော်) ဈေးနဲ့ရောင်းချခဲ့ပါတယ်။

Share

Loading Next Article...
က္က