နန်းစန္ဒာလှထွန်းက အခုဆိုရင် ၅ ရက်အကြာ သီလရှင်ဝတ်နေတာကို တွေ့ရပါတယ်။ အဲဒီနောက် သူမပြုခဲ့တဲ့ နောက်ထပ်ကုသိုလ်ရေးတေေွကလည်း ရင်ထဲမှာ စွဲကျန်နေတယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် နန်းစန္ဒာလှထွန်းက ဧပြီလ ၂၀ ရက်နေ့တုန်းက ကျိုက်ထိုမြို့မှာရှိတဲ့ အမတဒါယီလှတင် ဓမ္မဗိမာန်တော်ကြီးမှာ ၅ ရက်အကြာ သီလရှင်ဝတ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးနေ့လေးမှာ ပြုခဲ့တဲ့ ကုသိုလ်အတွက် ပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။
‘’လူဝတ်မလှဲခင် နောက်ဆုံးနေ့မှာ အဖြစ်ချင်ဆုံး ဆန္ဒတွေထဲက တစ်ခုကို လုပ်ခွင့်ရခဲ့တယ်။ သာသနာပြုရင်းဘုရားဖူး အရမ်းသွားချင်ခဲ့တာ အဲဒီထဲမှာ လူဝတ်နဲ့တုန်းက ပိုက်ဆံမဟုတ်ပဲ ဆရာလေးဖြစ်မှ ရတဲ့ ဝတ္ထုငွေနဲ့လည်း ရွှေသင်္ကန်းကပ်ခဲ့ရတယ်။ ပြန်အဆင်းမှာ သူများကုသိုလ်ပြုလို့ ဘုရားဖူးရောက်လာတဲ့ အရမ်းအသက်ကြီးနေပြီဖြစ်တဲ့ ဘုန်းဘုန်းတစ်ပါးရယ်၊ ဘိုးဘိုးတစ်ယောက်ရယ်၊ လှေကားရင်းမှာ အရမ်းမောပြီးဆက်မလျှောက်နိုင်တော့တာတွေ့လို့ အသွားပြန်ထမ်းစဉ် ကာလဒါနအနေနဲ့ထပ်ဆင့်ဒါနပြုခဲ့တယ်’’ ဆိုပြီးတော့ ဧပြီလ ၂၅ ရက်နေ့ နေ့လယ် ၂ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေက သူမရဲ့ ရင်ထဲမှာ စွဲကျန်နေတုန်းပဲ လို့လည်း ဝမ်းသာပီတိဖြစ်နေတဲ့ခံစားချက်တွေ ကြားက ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။
‘’ဆရာလေးတို့ကို သာဓုခေါ်ဆုတောင်းပေးပြီး ထမ်းစဉ်ပေါ်တက်လိုက်သွားတဲ့ မြင်ကွင်းက ရင်ထဲမှာဆို့ပြီး အခုထိစွဲကျန်နေတုန်းပဲ။ တကယ်လိုအပ်နေတဲ့အချိန်မှာ ကူညီပေးနိုင်ခဲ့လို့ အရမ်းလည်းဝမ်းသာမိတယ်။ ၇ရက်သားသမီးများအတွက်လည်းဆုတောင်းမေတ္တာ ပို့သခဲ့တယ်’’ လို့ ဆက်လက်ရေးသားခဲ့ပါသေးတယ်။
နန်းစန္ဒာလှထွန်းဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်မကြာခဏ ပြုလုပ်တတ်သူ တစ်ယောက်ပါ။ သူမကိုတော့ ပရိသတ်တွေက ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် သိရှိအားပေးခဲ့ကြတာများပါတယ်။ အခုဆိုရင်တော့ ပရိသတ်အချစ်များစွာတို့ကိုလည်း ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။
Miss Myanmar world 2015 2nd Runner up ရရှိထားတဲ့ နန်းစန္ဒာလှထွန်းက သရုပ်ဆောင်ဘက်ကို ကူးပြောင်းနေပြီလို့ သိရပါတယ်။ အခု ဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အားရတာမျိုးတော့ မရှိသေးပေမဲ့ အားလုံးက လက်တွဲခေါ်တဲ့အတွက် အဆင်ပြေတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။